![]() |
Photo: TechRader |
မကြာခင်ကမှ စစ်တမ်းကောက်ယူထားတဲ့ Counterpoint Research ဈေးကွက်လေ့လာမှုအစီရင်ခံစာအရ Xiaomi ဟာ ကမ္ဘာ့စမတ်ဖုန်းရောင်းအားမှာနံပါတ်တစ်အမှတ်တံဆိပ်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်.. ဒါဟာ ၂၀၂၁ ဇွန်လမှာရောင်းအား ၂၆ ရာခိုင်နှုန်းတိုးလာတာကြောင့် ကုမ္ပဏီက ပထမဆုံးအကြိမ် အောင်မြင်ခဲ့တာဖြစ်ပါတယ်.. Xiaomi ဟာ ဇွန်လမှာရောင်းအား အကောင်းဆုံး စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်ခဲ့သလို Samsung က ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်တစ်ခုလုံးမှာ ထိပ်ဆုံးနေရာကို ဆက်လက်သိမ်းထားနိုင်ခဲ့ပါတယ်..
![]() |
Mi 11 Ultra (Photo:GIZMoChina) |
ဇွန်လမှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့ပေမယ့် ကမ္ဘာ့စမတ်ဖုန်းစျေးကွက်မှာ ဝေစု ၉% ရှိတဲ့ Xiaomi ဟာ Samsung နဲ့ Apple ကိုမီဖို့တော့ အတော်လိုနေအုံးမှာပါ.. လက်ရှိစာရင်းအရတော့ Apple က ၄၁% နဲ့ Samsung က ၁၅% စီရရှိထားကြတာပါ..
၂၀၂၀ အစောပိုင်းကစပြီး Huawei ဟာ ထိုးနှက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပြီး တရုတ်၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့်အာဖရိကလိုနေရာတွေမှာ Huawei ရဲ့ စျေးကွက်ကို Xiaomi က ချဲ့ထွင်ယူနိုင်ခဲ့ပါတယ်..
![]() |
စျေးကွက်တင်တော့မယ့် Mi Mix 4 (Photo:PhoneAqua) |
ဒါပေမယ့် Samsung ကဗီယက်နမ်မှာရင်ဆိုင်နေရတဲ့ ထုတ်လုပ်မှုပြဿနာတွေကနေ ပြန်လည်အဆင်ပြေလာတဲ့အခါ Samsung က သူ့ရဲ့ထိပ်တန်းနေရာကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ Samsung ထုတ်လုပ်မှုပြန်လည်ကောင်းမွန်ခြင်းမရှိဘူးဆိုရင် Xiaomi ဟာ လာမယ့်လတွေမှာလည်း စျေးကွက်ဝေစုကိုဆက်လက်ရရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်..
Ref : XDA Developers
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Thank you for sharing this. It was helpful. Keep sharing such things.
ReplyDeletevery informative post. thanks for sharing it with us.
ReplyDelete