ကျွန်တော်သုံးဖူးသမျ ပိုက်ဆံမပေးဘဲသုံးလို့ရတဲ့ VPN တွေထဲမှာ အမြန်ဆုံးနဲ့ အဆင်အပြေဆုံး VPN ကတော့ 1111 vpn (CloudFlare WARP+ vpn) ဖြစ်ပါတယ်.. ဖုန်းအင်တာနက်တွေ ပိတ်ထားတာတောင် ဒီ VPN နဲ့ သုံးလို့ရတဲ့အခါ ရှိတယ်.. အခု ဒီပို့စ်ကိုတင်နေစဉ်မှာ MPT, Ooredoo, Telenor တွေ ဒီ VPN နဲ့ ဖုန်းအင်တာနက်သုံးလို့ရပါတယ်.. အခြား vpn တွေလို Facebook မှာ ပုံမပေါ်တာမဖြစ်ပါဘူး..
ဘယ်လိုလုပ်ရသလဲဆိုတာ နည်းနည်းပြောပြပါမယ်..
−
ဒီပို့စ်ကို မြင်နေရတယ်ဆိုရင်တော့ မိတ်ဆွေဟာ တနည်းနည်းနဲ့ အင်တာနက်ရနေသေးတယ်ပေါ့..
ဒီတော့ 1111 vpn ကို PlayStore ကနေ Install လုပ်လိုက်ပါ.. PlayStore အဆင်မပြေရင် အောက်ကလင့်ကနေ ဒေါင်းပြီး Install လုပ်လိုက်ပါ..
Download :
အသုံးပြုဖို့အတွက် Data လိုတယ်ဗျ.. Data ကို ရယူဖို့ နည်းလမ်း ၂ ခုရှိတယ်..
ပထမနည်းက ပိုက်ဆံနဲ့ပေးဝယ်ရတာ.. ဒီနည်းကို စိတ်မဝင်စားလောက်ပါဘူး..
နောက်တစ်နည်းက သူငယ်ချင်းကို ဖိတ်ခေါ်ပြီး တစ်ယောက်အသုံးပြုတိုင်း ကိုယ်က Data 1GB စီရတဲ့နည်း.. ဒီနည်းကိုလည်း ကျော်ခွပြီး Data ရအောင်လုပ်လို့ရတယ်.. နည်းလမ်းပြောပါပါမယ်..
ပထမဆုံး အောက်ကလင့်ကနေ Application ကိုဒေါင်းပြီး Install လုပ်လိုက်ပါ..
Download :
App နာမည်က 1GB WRAP+ လို့ခေါ်တယ်.. ကိုနေရှိန်းဦး ရေးထားတာ..
လုပ်ရမယ့်နည်းလမ်းကတော့−
ခုနက Install လုပ်ခဲ့တဲ့ 1GB WRAP+ ကိုဖွင့်.. ပြီးရင် Start ဆိုတဲ့ အနီခလုတ်ဘေးကအကွက်ထဲမှာထည့်ပြီး Start ကိုနှိပ်လိုက်.. စက္ကန့် ၃၀ တိုင်းကို 1GB ယူပေးနေလိမ့်မယ်..
ကိုယ့် 1111 vpn မှာ Data တွေတိုးလာတာကို မြင်ရလိမ့်မယ်.. တကယ်လို့ Data တိုးတာတာမမြင်ရဘူးဆိုရင်−
1111vpn ကိုဖွင့်.. Setting ထဲက Advanced ထဲက Connection Options ထဲက Reset Security Keys ကိုနှိပ်ပါ..Key successfully reset ပြရင် Data တိုးလာတာကို မြင်ရလိမ့်မယ်..
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !