![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEzxipsn7Y_raPkbY5T8vhKI0jI-cpy4ELShXn2qpVca3iqaBjf6qvAZs2BRfrgf8xvKXCVAsR6kXjAbzZKGWOXX_BOT-gBTcw4Jsmtj1lhqdjT7WyDWQxb1Cpp9uHGV_ymSKqZYXaty0/s1600/Battery+Life.jpg)
ဖုန်းတစ်လုံးကို ဘယ်လောက်သုံးပြီးသွားပြီ၊ ဘယ်လောက်ထပ်သုံးနိုင်မလဲ စတဲ့အခြေအနေကို စစ်ဆေးတဲ့ အရိုးရှင်းဆုံးနည်းကတော့ အဲဒီဖုန်းမှာပါတဲ့ Original Battery သက်တမ်းကို စစ်ဆေးတဲ့နည်းပါပဲ..
စက်ရုံကထုတ်လိုက်ကတည်းက ပါလာတဲ့ ဘက်ထရီဟာ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားတာမျိုးမဟုတ်ရင် အားသွင်းအကြိမ်ရေ နဲ့ သက်တမ်း ကို သတ်မှတ်ထားပြီးသားဖြစ်ပါတယ်..
အားအပြည့်သွင်းတဲ့အကြိမ်ရေ ၅၀၀ သို့မဟုတ် သက်တမ်း ၁ နှစ်ခွဲ ဆိုရင် ဘက်ထရီရဲ့ သိုလှောင်နိုင်စွမ်းလျော့နည်းလာပြီဖြစ်ပါတယ်..
ဖုန်း ထုတ်လုပ်တာ ၁ နှစ်ခွဲ မပြည့်သေးပေမယ့် အားသွင်းတဲ့အကြိမ်ရေ ၅၀၀ ပြည့်သွားရင် သာမန်အားဖြင့် ၁ နှစ်ခွဲ ဖုန်းကိုအသုံးပြုထားပြီးဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်..
ဒါဆိုရင် ဘက်ထရီအားသွင်းကြိမ်ရေကို ဘယ်လိုကြည့်မလဲ... ဖုန်းအားလုံးမှာတော့ ဘက်ထရီအားသွင်းကြိမ်ရေ (သို့မဟုတ်) ဘက်ထရီသိုလှောင်နိုင်တဲ့ပမာဏကို ကြည့်ဖို့ နည်းနည်း အခက်အခဲရှိပါတယ်.. အဲဒီထဲက iPhone, Xiaomi နဲ့ အခြားဖုန်းအချို့မှာ ဘယ်လိုကြည့်မလဲဆိုတာကို အနည်းငယ် မျှဝေသွားပါမယ်..
iPhone :
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7tdBw7kT0xgXG4eqDUPeIyIU8C0A7fvANC9CSjeh1QL9OOcscY84vkOhJY-Ebrqh-B-D1g1puSP_dcITPTR0rrA-FqbuYSJFfzDYclsrbpnetdlF60__tHtSuYtLWsvq7hPO3VxoqnB4/s400/iPhone+Battery.jpg)
iOS 11.3 နဲ့အထက်အသုံးပြုထားတဲ့ iPhone တွေမှာ ဘက်ထရီ Health ကို စစ်နည်းကတော့−
Setting ထဲက Battery ထဲက Battery Health ကိုအဆင့်ဆင့်နှိပ်ပါ.. အဲဒီထဲက Maximum Capacity မှာ ရာခိုင်နှုန်း(%) နဲ့ဖေါ်ြပထားတာကို မြင်ရပါမယ်.. ရာခိုင်နှုန်းနည်းလေ ဘက်ထရီနဲ့ ဖုန်းကိုသုံးထားတဲ့ပမာဏများလေဖြစ်လို့ ရာခိုင်နှုန်းနည်းခြင်းဟာ ဖုန်း ဟောင်းလာနေပြီဆိုတာကို ပြနေခြင်းဖြစ်ပါတယ်..
iPhone ဘက်ထရီတွေမှာ 80% နဲ့ 100% ကြားအခြေအနေဟာ အကောင်းဆုံးဆိုတဲ့အနေထားမှာရှိနေပြီး 80% အောက်နည်းသွားရင်တော့ တော်တော်ဟောင်းနေပြီလို့ ဆိုကြပါတယ်..
အဲဒီထဲက 80% ဆိုတာ ဘက်ထရီသိုလှောင်နိုင်အား 80% ပဲရှိတော့တာကို ပြတာဖြစ်ပါတယ်.. ဥပမာ ဖုန်းဘက်ထရီက 100mAh ပါတယ်ဆိုပါစို့.. အသစ် 100% တုန်းက အားသွင်းရင် 100mAh ထိ အပြည့်သိုလှောင်နိုင်လို့ ၁၀ နာရီအသုံးခံတယ်ဆိုရင် ဘက်ထရီ Health က 80% ပဲ ပြနေတယ်ဆိုရင် ဘက်ထရီအားအပြည့်သွင်းရင်တော့ 100mAh အပြည့်မရတော့ဘဲ 80mAh ပဲရတော့တဲ့အတွက် ၈ နာရီပဲ အသုံးခံတော့မှာပါ..
Xiaomi :
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcN57I8SDe3o-I1JF7QFMTVBpLGm9Pk9gdbtxeU8AOJ0SKABGbPR-rDLUyLLNOaNyttgZ-JixWW8TR9DMX0yhRdUfYNY-kHtERs-mog6rEktxQFL_92-ojoV5k_Okl-uVfR1O8MCSqgJs/s1600/Xiaomi+Battery.jpg)
Xiaomi တွေမှာတော့ အနည်းဆုံး Android 9, MIUI 11 နှင့်အထက်ရှိနေဖို့လိုပါတယ်.. ဒါဆိုရင် အခြား Third Party App မသုံးဘဲ ဘက်ထရီ သက်တမ်းကို စစ်လို့ရပါတယ်..
ဖုန်းခေါ်တဲ့ Dial မှာ *#*#6485#*#* ကိုနှိပ်လိုက်ရင် ဘက်ထရီနဲ့ပတ်သက်တဲ့ Hidden Menu ပေါ်လာမှာဖြစ်ပါတယ်..
အဲဒီထဲက MB_00 ဟာ လက်ရှိ ဘက်ထရီရဲ့အားလက်ကျန်ကိုပြတာဖြစ်ပြီး MB_06 ကတော့ ဘက်ထရီ ကောင်း/မကောင်းကိုပြတာဖြစ်ပါတယ်..
MF_02 ကတော့ ဘက်ထရီအားအပြည့်သွင်းထားတဲ့ အကြိမ်ရေဖြစ်ပါတယ်.. အကြိမ်ရေ 500 ကျော်သွားလေ ဘက်ထရီသက်တမ်းတိုလာလေဖြစ်ပါတယ်..
အခြား Android Smartphone များ
Secret Code နဲ့ Battery Information မရတဲ့ အခြားဖုန်းတွေမှာ AccuBattery ဆိုတဲ့ Application နဲ့ စစ်နိုင်ပါတယ်.. ဒါပေမယ့် Free မှာတော့ Battery Health ကို စစ်လို့မရပါ.. Pro ဝယ်ရမှာဖြစ်ပါတယ်..
Google Play မှာ Accubattery ဆိုပြီးရှာနိုင်ပါတယ်.. Android 4.1 နဲ့အထက် ရတယ်ဆိုပေမယ့် ဖုန်းတိုင်းအဆင်မပြေဘူးလို့ သိရပါတယ်..
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnSley4ASvTbWEQS-RSobthJtkzgd9eDyIWrMHpIxHPhziGelB4sWlh37t_3jD4kPRoB077CLGrH0jWqETWEkQr7Bzkhwpx-UT4cD8pLBuogN0sOTFkSxg1TjmyblsI3kIk6tcv_iDwhY/s640/AccuBattery.png)
Source : Mi.com, GizChina
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Post A Comment:
0 comments:
Please click on advertisement !