Advertise Here !



Founding Of Adobe


adobe ကို 1982 ခုနှစ်တွင် John Warnock and Charles Geschkeတို့မှ တည်ထောင်ခဲ့သည်။ ကွန်ပျူတာသိပ္ပံပညာရှင် ၂ ဦးဖြစ်တဲ့ John Warnock and Charles Geschke တို့ဟာ Xerox Corporation’s Palo Alto (California) Research Center (PARC) မှာ တာဝန်ထမ်းဆောင် နေစဉ်တည်းက ကွန်ပျူတာ ဖန်သားပြင်ထက်မှာ အရာဝတ္ထုများ၏ အရွယ်အစား ပုံရိပ် စသည်တို့ကို ဖေါ်ပြပေးနိုင်မယ့် PostScript လို့ အတော်များများ သိထားကြတဲ့  programming language ကို ရေးသားခဲ့ကြပါတယ်။  Xerox က ဒီ နည်းပညာကိုဈေးကွက်ထဲ ချပြဖို့ ဆုံးဖြတ်လိုက်ချိန်မှာဘဲ .John Warnock နဲ့ Charles Geschke တို့ဟာ ကိုယ်ပိုင် ကုမ္ပဏီ ထူထောင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ 

Adobe မွေးဖွားရာနေရာကတော့ John Warnock ရဲ့ ရှုပ်ပွပေရေနေတဲ့ အခန်းကျဉ်းလေးထဲမှာပါ။ Adobe ရဲ့ logo ဖြစ်တဲ့ A စာလုံးဒီဇိုင်းကိုတော့ ဇနီးဖြစ်သူ  ဂရပ်ဖစ်ဒီဇိုင်နာ Marva Warnock က ရေးဆွဲပေးထားတာ ဖြစ်ပါတယ်။ 

1982 ခုနှစ်မှာ apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs က Adobe ကိုအမေရိကန်ဒေါ်လာ 5 သန်းနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ် John Warnock တို့က ငြင်းပယ်ခဲ့ပါတယ် .................
ဒါပေမယ့်လည်း John တို့ကို ထောက်ပံ့ထားတဲ့ investorsတွေက စောဒကတွေ တက်ကြတာမို့ adobe ရဲ့ Share 19 %ကို Steve Jobs ထံရောင်းချပေးဖို့ သဘောတူညီ ခဲ့ပါတယ်။

PostScript Type 1 သို့ Adobe Type 1

PostScript Type 1 ဟာ single-byte digital font အတွက်font format တမျိုးဖြစ်ပြီးတော့ Adobe Type Manager software နဲ့ PostScript printers တို့အတွက် အသုံးပြုတာပါ။ ဒါအပြင် font hinting ကိုလည်း support ပေးထားပါသေးတယ်။ Type 1 fonts ကိုတော့ Mac OS X နဲ့ Windows 2000 မှာ အသုံးပြုနိုင်ပါတယ်။ 

ဒီနောက်ပိုင်းမှာ Apple ဟာ လက်ရှိ ကျနော်တို့ အသုံးပြုနေကြတဲ့ TrueType font ကို ဖန်တီးခဲ့ပါတယ်။ PostScript Type 1ကို ယှဉ်ဖို့အတွက် apple က ဖန်တီးခဲ့တာဖြစ်ပြီးတော့ ..........
နောက်ပိုင်းမှာ True Type ရဲ့ လိုင်စင်ကို Microsoft. သို့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ 

1980 နောက်ပိုင်းနှစ်တွေမှာတော့ Adobe ဟာ Apple Macintoshကွန်ပျူတာတွေမှာ သုံးလို့ရမယ့်  vector-based drawing programတစ်ခုဖြစ်တဲ့ Adobe Illustrator ကို စတင် ထုတ်လုပ်ခဲ့ပါတယ်။

Adobe Photoshop


ဒီဂျစ်တယ်ပုံရိပ်တွေကို တည်းဖြတ်ဖို့အတွက် Adobe Photoshopကို 1987 မှာ Thomas and John Knoll တို့ ညီအစ်ကို ၂ ဦးက ပူပေါင်း ရေးသားခဲ့ကြပါတယ်။ 1962 မှာ မွေးတဲ့ John Knoll ဆိုတာ အခု ခင်ဗျားတို့ ကြည့်နေတဲ့ Star war movies တွေရဲ့ နောက်ကွယ်က Visual effects တွေ ဖန်တီးပေးတဲ့ ဆရာကြီးပေ့ါဗျာ ................
လက်ရှိအချိန်မှာတော့ John Knoll ဟာ  visual effects supervisor and chief creative officer (CCO) at Industrial Light & Magic (ILM)ပါ။ Star war တင်မကဘဲ  Pirates of the Caribbean series တွေမှာဖန်တီးခဲ့တဲ့ Visual Effects တွေကြောင့် Knoll နဲ့ အဖွဲ့ ဟာAcademy Award for Best Visual Effects ဆုကိုလည်း ရရှိထားပါတယ်

သူ့ရဲ့ အစ်ကို Thomas Knoll ဆိုတာကလည်း Adobe Photoshop ဆိုတာကြီး ဖြစ်လာဖို့အတွက် အဓိကကျတဲ့  software engineer ကြီးဗျ..မတူညီတဲ့ပညာရပ်တွေနဲ့လျောက်လှမ်းတဲ့ ညီအစ်ကို ၂ ယောက်ရဲ့ဖန်တီးမှု ကြီးကြောင့် ဒီနေ့ ဒီအချိန်မှာ ကျနော်တို့တွေ Adobe Photoshop ဆိုတာကြီး သုံးနေရတာပေ့ါဗျာ။ အဖေထက် သား ၁ လကြီးဆိုသလို အစ်ကိုဖြစ်သူထက် ညီဖြစ်သူ Jhon က ပိုပြီး လက်စောင်း ထက်တယ်ဆိုတာကိုတော့ အပေါ်မှာရေးပြထားတဲ့ အချက်အလက် လေးလောက်နဲ့တင်
သိသာနိုင်ပါတယ်။ ( အော် ကြုံတုန်း ပြောရဦးမယ် ကျနော်တို့ စောင်ဘားမား ပြည်မယ်ဆိုရင် အဲလို အောင်မြင်ဖို့ဆိုတာ အတော်ဝေးတယ်။ Teamwork ဆိုတာ နားမလည်သေးသရွေ့ ၊ ၂ ယောက်ရှိရင် ၃ ဖွဲ့ ကွဲချင်တဲ့ စိတ်ဓါတ်တွေနဲ့တော့ မဖြစ်သေးပါဘူးလေ။ မြင်သာထင်သာအောင် ပြောရရမယ်ဆိုရင် ရွှေရန်ကုန်က ဝကခ ဆိုလား ဘာလား အာ့လေးသာ ကြည့်ပေ့ါဗျာ ငါလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ အပေါက်ဒေ ( တား ဘာမှ သိပုနော် သူများပြောလို့ ထည့်ရေးတာ :P LOL အင်းစိန်မှာ ငစိန်ဆန်တော့ မစားနိုင်သေးဘူး ။ ဝက်ကလေးနဲ့ညား ကလေး ၃ ယောက်လောက် မွေးဦးမှာ :P ) 


Thomas and John Knoll ဟာ Photoshop Software ရဲ့ distribution license ကို  Adobe Systems Incorporated သို့ 1988 ခုနှစ်မှာ ရောင်းလိုက်ပါတယ်။ 

1989 ခုနှစ်မှာတော့ Adobe ဟာ Thomas and John Knoll တို့ဆီက ဝယ်ယူထားတဲ့ Program ကို အသုံးပြုပြီး Apple Macintosh ကွန်ပျူတာမှာ သုံးလို့ရမယ့် graphics editing program ဖြစ်တဲ့  Photoshop ကို စတင် ထုတ်လုပ်ခဲ့ပြီး Photoshop 1.0 လို့ အမည်ပေးခဲ့ပါတယ်။

1993 မှာတော့  Adobe ဟာ Portable Document Format အမျိုးအစားဖြစ်တဲ့ PDF ကို မိတ်ဆက်ခဲ့ပြီး  Adobe Acrobat and Reader softwareကိုပါ တခါတည်း ထုတ်လုပ်ခဲ့ပါတယ်။ (အဟင်း  မောင်မင်းကြီးသား ကျန်းမာစေ ချမ်းသာဒေ ဒင်းတို့ကောင်းမှု နဲ့ မောင်မောင်ရဲ ၊ အိမ်ဖော်မလေး 
မိအေး တို့ ဖတ်ခဲ့ရတာ LOL :P Do u know what i mean ) 

Adobe Pagemaker 

Pagemaker ကို adobe ရဲ့ PostScript page description language ကို အသုံးပြုပြီး 1985 ခုနှစ်မှာ desktop publishing (DTP) softwareထုတ်လုပ်တဲ့ Aldus Corporation က ဖန်တီး ခဲ့တာ ဖြစ်ပြီးတော့
1994 မှာ Aldus ဟာ Adobe နဲ့ ပူးပေါင်းခဲ့ပါတယ်။ 

pagemaker release history 

Aldus Pagemaker 1.0 ကို 1985 ခုနှစ် ဂျူလိုင် လမှာ ပန်းသီးကွန်ပျူတာအတွက် ထုတ်လုပ်ခဲ့ပြီး ၊ 1986 မှာတော့ IBM ကွန်ပျူတာ အတွက် ထုတ်လုပ်ခဲ့ပါတယ်။ 

Aldus Pagemaker 2.0 was released in 1987

Aldus Pagemaker 3.0 ကို 1988 April မှာ  Macintosh အတွက် ဖြန့်ချီခဲ့ပြီး 1988 May မှာ Window 2.0 အတွက်ဖြန့်ချီခဲ့ပါတယ်။

1990 မှာတော့ function တွေ ပိုပြီး စုံလင်ပြီးဖြစ်တဲ့ Aldus Pagemaker 4.0 ကို Apple Macintosh အတွက် ထုတ်လုပ်ခဲ့ပြီး Window အတွက်ကိုတော့ 1991 မှ ထုတ်ပေးနိုင်ခဲ့ပါတယ်။ 

January 1993 မှာတော့ Aldus PageMaker 5.0 ကို ထပ်မံ အဆင့်မြှင့်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ 

Aldus Corporation ဟာ Adobe Systems နဲ့ ပူးပေါင်းပြီးနောက်မှာတော့ Aldus Pagemaker  နာမည်အစားAdobe PageMaker လို့ နာမည်ပြောင်းပြီး version အနေနဲ့ 6.0 ကို 1995 မှာ ထုတ်လုပ်ခဲ့ပါတယ်။ 

Adobe PageMaker 6.5 ဟော လာပါပြီး ကျနော်တို့လို 90's Kid တွေ သုံးဖူးတဲ့ Adobe PageMaker 6.5 ကို 1996 မှာ ထုတ်လုပ်ခဲ့ပါတယ်။ အဟင်း 96 မှာ ထွက်တဲ့ ဟာကို 2007 မှာမှသုံးဖူးတာကွ ငိငိ 

2001 မှာတော့ Adobe PageMaker 7.0 ကို ဖြန့်ချီခဲ့ပြီး Window XP မှာ အသုံးပြုနိုင်ပေမယ့် Windows Vista မှာတော့ သုံးစွဲနိုင်ခြင်း မရှိပါဘူး .... Adobe PageMaker 7.0 ဟာ PageMaker ရဲ့ နောက်
ဆုံးဗားရှင်းဖြစ်ပြီးတော့ ထပ်မံ ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။ Adobe PageMaker အစား နောက်ပိုင်းမှာ
Adobe Indesign အနေနဲ့ဘဲ ထုတ်လုပ်ခဲ့ပါတယ်။ 

Adobe ရဲ့ ထုတ်ကုန်များ 

Graphic design software မှာတော့ အောက်ပါ software တွေကို ဖြန့်ချီခဲ့ပါတယ်။ 
Adobe Photoshop, Adobe Pagemaker, 
Adobe Lightroom, Adobe InDesign, 
Adobe InCopy, Adobe Illustrator, 
Adobe Freehand, Adobe Fireworks, 
Adobe Acrobat
===========================
Web design programs မှာတော့ အောက်ပါ software တွေကို ဖြန့်ချီခဲ့ပါတယ်
Adobe Dreamweaver, Adobe Contribute, 
Adobe Muse, Adobe Flash Builder, 
Adobe Flash, and Adobe Edge
Video editing and visual effects
Adobe Premiere Pro, Adobe Premiere Elements, 
Adobe After Effects, Adobe Prelude, 
Adobe Spark Video, Audio editing software
Adobe Audition
===========================
eLearning software မှာတော့ အောက်ပါ software တွေကို ဖြန့်ချီခဲ့ပါတယ်
Adobe Captivate Prime (LMS platform), 
Adobe Captivate, 
Adobe Presenter Video Express and 
Adobe Connect (also a webconferencing platform)
==============================
Digital Marketing Management Software မှာတော့ အောက်ပါ software တွေကို ဖြန့်ချီခဲ့ပါတယ်
Adobe Marketing Cloud, 
Adobe Experience Manager (AEM 6.2), 
XML Documentation add-on (for AEM) ,
 Mixamo,
===============================
Server software မှာတော့ အောက်ပါ software တွေကို ဖြန့်ချီခဲ့ပါတယ်
Adobe ColdFusion, 
Adobe Content Server and Adobe LiveCycle Enterprise Suite,
Adobe BlazeDS
==================================
Adobe မှ ဖန်တီးခဲ့သော File Formats များ
Portable Document Format (PDF), 
PDF's predecessor PostScript, ActionScript, 
Shockwave Flash (SWF), 
Flash Video (FLV), and 
Filmstrip (.flm)

Web-hosted services အနေနဲ့တော့ 
Adobe Color, Photoshop Express, 
Acrobat.com, and Adobe Spark 
တို့ကို ဖန်တီးခဲ့ပါတယ်။ 

ဒါကတော့ Adobe နဲ့သတ်သက်တဲ့ အချက်အလက်တွေကို အတတ်နိုင်ဆုံး အကျဉ်း ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အသေးစိတ်စာ ရေးမယ်ဆိုရင် ရေးမကုန်နိုင်လောက်အောင်များပါတယ်။ adobe ရဲ့  အကြောင်းကိုသာ သီးသန့်ရေးလို့ မရသလို Adobe , apple , microsoft တို့ ပတ်သက်မှု ၊ font war , စတာတွေအပြင် adobe ရဲ့ လက်အောက်ကို ရောက်သွားတဲ့ company အသေးတွေ ၊ photoshop လို
pagemaker လို မူလဖန်တီးသူ ၁ ယောက် တကယ် အောင်မြင်တော့ adobe ရဲ့ အောက်မှာ စသည်ဖြင့် အကြောင်းအရာမျိုးစုံ တွေရှိတာကြောင့် ကိုယ်တိုင်ဘဲ ရှာဖွေ ဖတ်ရှု ဖို့ ညွှန်းပါရစေ ...........

နားလည်သလို အဆင်ပြေသလို မတောက်တခေါက် ဘာသာပြန်ထားကြောင့် အမှားပါရင် ခွေးလွှတ်ပါလို့ ....... ကိုက်ရင် ပြန်ကိုက် မှာ အဟင်း :p 
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !