၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလမွာျဖစ္လုပ္တဲ့ ၅၆ႀကိမ္ေျမာက္ ဘက္ထရီဆိုင္ရာ စာတမ္းဖတ္ပြဲတစ္ခုမွာ ဘက္ထရီအျမန္အားသြင္းနည္းပညာသစ္တစ္ခုကို Huawei ရဲ႕ Watt Lab က နမူနာျပသခဲ့ဖူးပါတယ္..
အဲဒီ နည္းပညာသစ္ကေတာ့ lithium-ion ဘက္ထရီတစ္လံုးကို ၅ မိနစ္အတြင္း ၅၀% ေရာက္ေအာင္ သြင္းႏိုင္တဲ့စနစ္ပါ..
နမူနာဗီြဒီယိုတစ္ခုမွာ 3000mAh ဘက္ထရီတစ္လံုးကိုျဖဳတ္ၿပီး အားသြင္းခြက္နဲ႔ ၅ မိနစ္အားသြင္းျပခဲ့ရာမွာ ၄၈% အားျပည့္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္..
မေန႔က Youtube ေပၚမွာတင္လိုက္တဲ့ Huawei ရဲ႕ ေၾကာ္ျငာဗီြဒီယိုတစ္ခုမွာ အဲဒီစနစ္ကို ျမင္ေတြ႕ခဲ့ၾကတာပါ..
ဒီဗီြဒီယိုကိုျမင္ေတြ႔ခဲ့ရၿပီးေနာက္ ေဝဖန္သူေတြက Huawei ဟာ အျမန္အားသြင္းႏိုင္တဲ့ နည္းပညာတစ္ခုကို စပိန္ႏိုင္ငံ၊ ဘာစီလိုနာၿမိဳ႕မွာ ေဖေဖၚဝါရီ ၂၆ ကေန မတ္လ ၁ ရက္ေန႔ထိ က်င္းပမယ့္ ကမၻာ့ မိုဘ Mobile World Congress (MWC) မွာ တရားဝင္ ထုတ္ေဖၚျပသဖြယ္ရွိတယ္လို႔ ခန္႔မွန္းၾကပါတယ္..
အခ်ိန္ ၂ ႏွစ္ၾကာ ျပင္ဆင္တီထြင္မႈေတြလုပ္ၿပီးတဲ့ေနာက္ Huawei ရဲ႕ အျမန္အားသြင္းနည္းပညာဟာ ေတာ္သင့္တဲ့ အဆင္ေျပမႈေတြရွိေနႏိုင္တယ္ဆိုတာကို သံသယျဖစ္ဖြယ္မရွိဘူး လို႔လည္း ေျပၾကပါတယ္..
Huawei ရဲ႕ အျမန္အားသြင္းစနစ္ဟာ physical ပိုင္းေရာ၊ Chemical ပိုင္းမွာပါ lithium-ron အားသိုေလွာင္မႈစနစ္ကို အျမန္ျဖည့္ဆည္းေပးတဲ့ mulecular structure ျဖစ္တယ္လို႔ Huawei က ေျပာပါတယ္..
ဒီလို အျမန္အားသြင္းလိုက္လို႔ ဘက္ထရီသက္တမ္းကို ဘာမွထိခိုက္စရာမရွိဘူးလို႔လည္း Huawei က ရွင္းျပထားပါတယ္..
ဒါေပမယ့္ ျပႆနာတစ္ခုက ကၽြန္ေတာ္တို႔ ဖုန္းထဲကေန တိုက္ရိုက္အျမန္အားသြင္းလို႔ရမွာမဟုတ္ဘဲ သီးျခား Charger တစ္ခုနဲ႔ သြင္းရမွာပါ.. ဘက္ထရီအေသတပ္ဆင္ထားတဲ့ဖုန္းေတြအတြက္ေတာ့ ဒါဟာ အဆင္ေျပမယ့္ နည္းလမ္းမဟုတ္ပါဘူး..
Huwei ဟာ Charger ကို ဒီထက္ေသးေအာင္လုပ္ၿပီး ဖုန္းဘက္ထရီကို ျဖဳတ္စရာမလိုတဲ့ နည္းစနစ္နဲ႔ ပြဲထုတ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါေၾကာင္း...
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာဖြစ်လုပ်တဲ့ ၅၆ကြိမ်မြောက် ဘက်ထရီဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုမှာ ဘက်ထရီအမြန်အားသွင်းနည်းပညာသစ်တစ်ခုကို Huawei ရဲ့ Watt Lab က နမူနာပြသခဲ့ဖူးပါတယ်..
အဲဒီ နည်းပညာသစ်ကတော့ lithium-ion ဘက်ထရီတစ်လုံးကို ၅ မိနစ်အတွင်း ၅၀% ရောက်အောင် သွင်းနိုင်တဲ့စနစ်ပါ..
နမူနာဗွီဒီယိုတစ်ခုမှာ 3000mAh ဘက်ထရီတစ်လုံးကိုဖြုတ်ပြီး အားသွင်းခွက်နဲ့ ၅ မိနစ်အားသွင်းပြခဲ့ရာမှာ ၄၈% အားပြည့်နေတာကို မြင်တွေ့ခဲ့ရပါတယ်..
မနေ့က Youtube ပေါ်မှာတင်လိုက်တဲ့ Huawei ရဲ့ ကြော်ငြာဗွီဒီယိုတစ်ခုမှာ အဲဒီစနစ်ကို မြင်တွေ့ခဲ့ကြတာပါ..
ဒီဗွီဒီယိုကိုမြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်သူတွေက Huawei ဟာ အမြန်အားသွင်းနိုင်တဲ့ နည်းပညာတစ်ခုကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ဖေဖေါ်ဝါရီ ၂၆ ကနေ မတ်လ ၁ ရက်နေ့ထိ ကျင်းပမယ့် ကမ္ဘာ့ မိုဘ Mobile World Congress (MWC) မှာ တရားဝင် ထုတ်ဖေါ်ပြသဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်..
အချိန် ၂ နှစ်ကြာ ပြင်ဆင်တီထွင်မှုတွေလုပ်ပြီးတဲ့နောက် Huawei ရဲ့ အမြန်အားသွင်းနည်းပညာဟာ တော်သင့်တဲ့ အဆင်ပြေမှုတွေရှိနေနိုင်တယ်ဆိုတာကို သံသယဖြစ်ဖွယ်မရှိဘူး လို့လည်း ပြေကြပါတယ်..
Huawei ရဲ့ အမြန်အားသွင်းစနစ်ဟာ physical ပိုင်းရော၊ Chemical ပိုင်းမှာပါ lithium-ron အားသိုလှောင်မှုစနစ်ကို အမြန်ဖြည့်ဆည်းပေးတဲ့ mulecular structure ဖြစ်တယ်လို့ Huawei က ပြောပါတယ်..
ဒီလို အမြန်အားသွင်းလိုက်လို့ ဘက်ထရီသက်တမ်းကို ဘာမှထိခိုက်စရာမရှိဘူးလို့လည်း Huawei က ရှင်းပြထားပါတယ်..
ဒါပေမယ့် ပြဿနာတစ်ခုက ကျွန်တော်တို့ ဖုန်းထဲကနေ တိုက်ရိုက်အမြန်အားသွင်းလို့ရမှာမဟုတ်ဘဲ သီးခြား Charger တစ်ခုနဲ့ သွင်းရမှာပါ.. ဘက်ထရီအသေတပ်ဆင်ထားတဲ့ဖုန်းတွေအတွက်တော့ ဒါဟာ အဆင်ပြေမယ့် နည်းလမ်းမဟုတ်ပါဘူး..
Huwei ဟာ Charger ကို ဒီထက်သေးအောင်လုပ်ပြီး ဖုန်းဘက်ထရီကို ဖြုတ်စရာမလိုတဲ့ နည်းစနစ်နဲ့ ပွဲထုတ်လာလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း...
Ref : GizMo
အဆင္ေျပပါေစ..
ေမာင္ေပါက္< Blogger >
www.maungpauk.org
Post A Comment:
0 comments:
Please click on advertisement !