လက်ရှိ Smartphone လောကကို ဦးဆောင်နေတဲ့ နာမည်ကြီးကုမ္ပဏီတွေဟာ ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Mid-range ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်.. ၂၀၁၇ ခုနှစ်မကုန်ခင် ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ စမတ်ဖုန်းတွေထဲက ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ပေးရပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘတ်ဂျက်ဖုန်းအချို့ကို ဖေါ်ပြပေးလိုက်ပါတယ်..
၁. Moto G5S Plus
Moto G5S Plus ကို ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Motorolla က ထုတ်လုပ်ပါတယ်..
မျက်နှာပြင် 5.5 inches, 1080 x 1920 pixels (~71.3% screen-to-body ratio) ဟာ မကြီးလွန်းမသေးလွန်းတဲ့အရွယ်အစားပေါ်မှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပြသပေးနိုင်ပါတယ်..
Qualcomm MSM8953 Snapdragon 625 Octa-core 2.0 GHz Cortex-A53 CPU ဟာ တော်ရုံတန်ရုံအကောင်းစား စမတ်ဖုန်းတစ်လုံးမှာသာ ပါဝင်တဲ့ CPU အမျိုးအစားပါ..
ROM 64GB အတွက် RAM 4GB နဲ့ ROM 32GB အတွက် RAM 3GB တပ်ဆင်ပေးထားတာမို့ Memory တွေဟာလည်း ခေတ်မီဖုန်းတစ်လုံးအဖို့မနည်းလွန်းမများလွန်းပါဘူး..
မြန်နှုန်းမြင့်အားသွင်းစနစ် Turbo Charge technology ဟာ 3000 mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း အားပြည့်အောင်သွင်းပေးနိုင်ပါတယ်..
လုံခြုံရေးစနစ်အတွက် မြန်ဆန်လှတဲ့ fingerprint sensor ကိုတပ်ဆင်ပေးထားပြီး 13Mp ရှိတဲ့ ကျောဘက် Dual ကင်မရာနှစ်လုံးက ပုံရိပ်တွေကို 2160p Resolution နှုန်းနဲ့ရိုက်ပေးနိုင်ပါတယ်..
ဆယ်ဖီကင်မရာအတွက် 8Mp ကင်မရာကိုတပ်ဆင်ပေးထားပြီး အဆင့်မြင့် ဆင်ဆာတွေလည်း ပြည့်စုံအောင်ပါဝင်ပါတယ်..
ဒီလောက်စွမ်းဆောင်ရည်မြင့်မားတဲ့ Moto G5S Plus ကို Motorolla က 279.99 ဒေါ်လာနဲ့ရောင်းချပေးခဲ့တာကြောင့် ၂၀၁၇ အတွက် ဒေါ်လာ ၂၅၀ ဝန်းကျင် စမတ်ဖုန်းတွေထဲမှာ ထိပ်တန်းအကောင်းစားဖုန်းအဖြစ် မှတ်ကျောက်တင်ခံခဲ့ရပါတယ်..
Moto G5S Plus Spec :
Dimensions=153.5 x 76.2 x 8 mm
Weight=168g
Software=Android 7.1 (Nougat)
CPU=Qualcomm MSM8953 Snapdragon 625 Octa-core 2.0 GHz Cortex-A53
GPU=Adreno 506
RAM and Storage=64 GB, 4 GB RAM or 32 GB, 3 GB RAM
Battery=3000 mAh battery
Display=5.5 inches, 1080 x 1920 pixels (~71.3% screen-to-body ratio)
Wi-Fi =802.11 a/b/g/n
Bluetooth=Bluetooth 4.2 LE
Ports=microUSB 2.0
Rear Cameras=Dual: 13 MP, f/2.0, autofocus, dual-LED dual-tone flash
Front Camera =8 MP, f/2.0, LED flash
--
၂။ Sony Xperia XA1
ကမ္ဘာ့ထိပ်တန်းစာရင်းဝင် Sony ကုမ္ပဏီဟာ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေပါဝင်တဲ့ Sony Xperia XA1 ကို အမေဇုံ မှာ 259.5 ဒေါ်လာနဲ့ ရောင်းချလိုက်တော့ Smartphone လောကမှာ တော်တော်အံ့သြသွားခဲ့ကြပါတယ်..
မျက်နှာပြင်အရွယ်အစား ၅ လက်မ၊ Mediatek MT6757 Helio P20 Octa-core CPU, RAM 3GB, ROM 32GB ထည့်သွင်းတပ်ဆင်ပေးထားပြီး 2300 mAh battery ကို USB Type-C နဲ့တွဲဖက်ကာ တစ်ခါအားသွင်းရင် 72 နာရီထိခံအောင် ဆောင်ရွက်ပေးထားပါတယ်..
ကျောဘက်ကင်မရာတစ်လုံးသာပါဝင်ပေမယ့် 23Mp Sensor ထောက်ပံ့ပေးထားတဲ့ ကင်မရာဟာ အလင်းရောင်အားနည်းတဲ့အချိန်တွေမှာ၊ ရီးသွားခြင်းနဲ့ Outdoor ရိုက်ကူးခြင်းတွေမှာ အခြားဖုန်းတွေရဲ့ ကင်မရာတွေထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်..
Sony Xperia XA1 Spec
Dimensions -145 x 67 x 8 mm (5.71 x 2.64 x 0.31 in)
Weight -143g
Software -Android 7.0
CPU - Mediatek MT6757 Helio P20 Octa-core
(4×2.3 GHz Cortex-A53 & 4×1.6 GHz Cortex-A53)
GPU - Mali-T880MP2
RAM and Storage - 32 GB, 3 GB RAM
Battery - 2300 mAh battery
Display - 5.0 inches, 720 x 1280 pixels
(~70.9% screen-to-body ratio)
Wi-Fi -Wi-Fi 802.11 a/b/g/n
Bluetooth -Bluetooth 4.2 LE
Ports -Type-C 1.0
Rear Cameras -23 MP (f/2.0, 24mm, 1/2.3″)
Front Camera - 8 MP (f/2.0, 23mm
--
၃။ Honor 7X
တရုတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ Huawei ဟာ Honor 7X ဆိုတဲ့ နာမည်နဲ့ အတော်အသင့် အဆင့်မြင့်တဲ့ဖုန်းတစ်မျိုးကို ၁၉၉ ဒေါ်လာနဲ့ ရောင်းချလိုက်ပါတယ်.. ဈေးနည်းတယ်ဆိုပေမယ့် သူ့မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ အချက်တွေ ပါဝင်ပါတယ်..
5.93 လက်မမျက်နှာပြင်ဟာ အနေတော်မျက်နှာပြင်ဖြစ်ပြီး 1080x2160p resolution ထိပြသပေးနိုင်ပါတယ်.. Huawei ရဲ့ ကိုယ်ပိုင် Kirin 659 Octa-core 2.36 GHz CPU, ROM 64GB အတွက် RAM 4GB, ROM 32GB အတွက် RAM 3 GB တွေကိုတွဲဖက်ထုတ်လုပ်ထားတာကြောင့် ခေတ်မီတယ်လို့ဆိုရမှာဖြစ်ပါတယ်.. ကျောဘက်မှာ 16Mp ရှိတဲ့ Dual ကင်မရာနှစ်လုံးတပ်ဆင်ပေးထားပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးယူနိုင်ပါတယ်.. USB Type-C နဲ့တပ်ဆင်အားသွင်းရမယ့် 3340 mAh battery ဟာ အားမခံမှာတော့ ပူစရာမလိုပါဘူး.. ဆယ်ဖီကင်မရာက 8Mp သာရှိတယ်ဆိုပေမယ့် 1080p Resolution ထိ ဖမ်းယူပေးနိုင်သတဲ့..
Honor 7X Spec
Dimensions 156.5 x 75.3 x 7.6 mm
Weight 165g
Software Android 7.0 EMUI 5.1
CPU Kirin 659 Octa-core (4×2.36 GHz Cortex-A53 &
4×1.7 GHz Cortex-A53)
GPU Mali-T830 MP2
RAM and Storage 64 GB/4 GB RAM (L21) or 32/64 GB/4 GB RAM (L22) or
32 GB/3 GB RAM (L24)
Battery 3340 mAh battery
Display 5.93 inches, 1080 x 2160p, 18:9 ratio (~77.0% screen-to-body ratio)
Wi-Fi Wi-Fi 802.11 b/g/n
Bluetooth Bluetooth 4.1
Ports microUSB 2.0
Rear Cameras Dual: 16 MP (1/2.9″, 1.25 µm) + 2 MP
Front Camera 8 MP, 1080p
Ref : XDA
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org

Post A Comment:
0 comments:
Please click on advertisement !