အတိတ်ဆိုတာ.. (ဗဟုသုတ) Anonymous at 11:16:00 AM ဗဟုသုတ, Advertise Here ! ကျွန်တော်တို့အားလုံးရဲ့ အတိတ်မှာ ချိုမြိန်မှုတွေရှိတယ်။ နာကျင်မှုတွေရှိတယ်။ ကောင်းတာတွေရော၊ ဆိုးတာတွေရော နည်းများဆိုသလို ပါဝင်နေကြတယ်။ . အတိတ်က ပျော်စရာကြည်နှုးတွေဟာ အခုအချိန်မှာ လွမ်းဆွတ်စရာကောင်းတယ်။ အတိတ်က နာကျင်ပင်ပန်းစရာတွေဟာ အခုအချိန်မှာတော့ သင်ခန်းစာယူစရာတွေ ဖြစ်လာခဲ့တယ်။ . ဘာပဲဖြစ်ဖြစ်.. အတိတ်ဆိုတာ ကိုယ်တိုင်ရေးပြီးခဲ့တဲ့ စာအုပ်တစ်အုပ်လိုပါပဲ။ တစ်ခုရှိတာက အဲဒီ့စာမျက်နှာတွေမှာ ရေးထားတဲ့ စာလုံးတွေတိုင်းကို ပြန်လည်ပြင်ဆင်ခွင့်မရှိတာပါ။ တကယ်တမ်းတော့ အတိတ်ဆိုတာ ခံစားလို့ပဲ ကောင်းတာပါ။ ပြန်သွားဖို့တော့ ဘယ်တုန်းကမှ မကောင်းခဲ့ဘူး။ . အတိတ်မှာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အခုအချိန်မှာ ရောက်နေတဲ့ စာမျက်နှာတစ်ရွက်ကိုပဲ အကောင်းဆုံးဖြစ်အောင် လှပစွာနဲ့ ရေးသင့်ပါတယ်။ _________ ရွှေညာမောင် (Foucs Youth) - - (Focus Youth E-magazine အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org - Next "ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား" Previous စိတ်ဖိစီးမှုသက်သာစေရန် သောက်သင့်တဲ့ မုန်လာဥနီဟင်းနုနွယ်ဖျော်ရည် MaungPaukအပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်.. Related Articlesဆုံးဖြတ်မစောပါနဲ့ဗဟုသုတ Nov 25 2016 သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀? (ဗဟုသုတ)ဗဟုသုတ Nov 24 2016 ထမင်းစားပြီး မလုပ်သင့်သည့် (၇) ချက်ဗဟုသုတ Nov 20 2016 ကျောင်းမှာ သင်ယူခွင့်မရခဲ့တဲ့ ဘဝသင်ခန်းစာ (၁၆)ခုဗဟုသုတ Nov 19 2016
Post A Comment:
0 comments: