-----
Home
ဗဟုသုတ
Michael Jordan ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက် ၁၀ ချက်
Advertise Here !
၁။ ထပ်ကာထပ်ကာ ကြိုးစားတယ် (Keep Working Hard)
အောင်မြင်မှုရဲ့ ပထမအချက်ကတော့ သိပ်ကိုရိုးရှင်းပါတယ်။ မကြိုးစားရင် မအောင်မြင်နိုင် တဲ့အတွက် ကိုယ်ကအောင်မြင် ချင်တဲ့သူတစ်ယော က်ဆို
ကိုယ်ဟာ ကြိုးစားတဲ့သူတစ်ယောက် ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။ တကယ်လဲ ကြိုးစားပါတယ်ဆိုရင်တော့
သင်ဟာ အောင်မြင်ဖို့ တစ်ဝက်သေချာပါပြီ။ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားတတ်ပြီဆိုရင် မြေကြီးလက်ခပ်မလွဲ သင်ဟာ အောင်မြင်သူတစ်ေ ယာက်
ဖြစ်လာပါလိမ့်မယ်။
.
၂။ အတောက်လောင်ဆုံး လောင်ကျွမ်းပစ်ပါ (Ignite the fire)
သင်ဟာ သင့်ပညာရေးမှာ စိတ်အားထက်သန်မှုရှိလား? သင်ဟာ သင့် အိမ်မက်တွေအပေါ်မှာ စိတ်အားထက်သန်မှု ရှိလား? သင်ဟာ
ဝင်ငွေတွေအမျာြး ကီးရဖို့အပေါ် စိတ်အားထက်သန်မှု ရှိလား?
တကယ်ပဲ သင်ဟာ စိတ်အားထက်သန်မှု ရှိတယ်ဆိုတာ သေချာရင်တော့ သင့်ဆန္ဒတွေကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းလိုက်ပါ။
ဘဝမှာ တွေ့ရမယ့် ကြားကအတားအဆီးတွေကျော်ဖြတ်ဖို့ လက်နက်ကောင်းတစ် ခု ဖြစ်လာပါလိမ့်မယ်။
.
၃။ ကွဲပြားခြားနားပါစေ (Be different)
အများလျှောက်တဲ့ လမ်းကိုလိုက်ရင် အများရောက်မယ့်ေ နရာတွေပဲ ရောက်မှာပါပဲ။ မဆန်းပါဘူး။ ဒီတော့ အောင်မြင်မှုကို သရဖူဆောင်းမယ်ဆိုရင်
သင်ဟာ သူများနဲ့တူစရာမ လိုပါဘူး။ သူများနဲ့ နှိုင်းယှဉ်စရာမလိုပါဘူး။
ဒီနေရာမှာတစ်ခုသ တိထားရမှာက လမ်းသစ်ထွင်မိတဲ့ အခါ လမ်းမှားတွေ၊ ခက်ခဲတွေလမ်းတွေ သင်ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့။
သင့်မှာသာ လုံလောက်တဲ့စွမ်းအင်ရှိရင် သင်လိုရာအရပ်ကို ရောက်နိုင်မှာပါ ။
.
၎။ အောင်မြင်မှုလမ်း မပေါ်မှာ အရှုံးတွေရှိတယ် (Fail your way to success)
"ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှော က်မှာ အချက်ပေါင်း ၉၀၀၀ ကျော်လောက် လွဲချော်ဖူးတယ်။ ပြိုင်ပွဲပေါင်း ၃၀၀ လောက်လဲ ရှုံးနိမ့်ဖူးတယ် ။
ကျွန်တော့်ရဲ့ဘဝ မှာ ထပ်ကာထပ်ကာရှုံးနိမ့်နေခဲ့တယ်။ ဒါ့ကြောင့်ပဲ နောက်ဆုံးမှာ ကျွန်တော်အောင်ြ မင်လာခဲ့တယ်"
ဒီစကားက ကမ္ဘာပေါ်မှာ အကြီးအကျယ်အောင် မြင်ခဲ့တဲ့ ဘတ်စကတ်ဘော အားကစားသမား မိုက်ကယ်ဂျော်ဒန် ပြောခဲ့တဲ့စကားပါ။
အောင်မြင်မှုလမ်း မပေါ်မှာ အရှုံးတွေရှိပါတယ်။ အားမလျော့ပါနဲ့။ ဆက်လျောက်ပါ။
.
၅။ မျှော်လင့်ချက်ြ ကီးကြီးထားပါ (Have High Expectation)
"လူအတော်များများက ဘဝမှာ ရှုံးနိမ့်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရည်မှန်းချက်မြင့်မြင့်ထားပြီး လွဲချော်ခဲ့လို့ မဟုတ်ဘူး။
ရည်မှန်းချက် နိမ့်နိမ့်လေးထားပြီး အဲ့လောက်ကလေးပဲ ရခဲ့လို့ပါ။
ခင်ဗျားစိတ်ကူြး ကည့်ဗျာ။ ခင်ဗျားက ဆယ်ထပ်လောက်မြင့် တဲ့တိုက်ရှေ့ကေ န ဘောလုံးလေးကိုင် ပြီး ရပ်နေမယ်ပဲထား။ တကယ်လို့
ခင်ဗျားဟာ ၂ ထပ်ကို ချိန်ပြီး ဘောလုံးကို ပစ်လိုက်ရင် ၆ ထပ်ကို ရောက်နိုင်ပါ့မလား? ဒါပေမယ့် ခင်ဗျား ၁၀ ထပ်ကို ချိန်ပြီး ပစ်ရင်တော့
၆ ထပ်လောက်တော့ ရောက်နိုင်ပါသေး တယ်"
ဒါဟာ မိုက်ကယ်ဂျော်ဒန် ပြောခဲ့တဲ့စကားပါ။
.
၆။ အပြုသဘောဆောင်ပါ (Be positive)
အောင်မြင်ဖို့အတွက် အပြုသဘောဆောင်တတ်တဲ့စိတ်က အခြေခံအနေနဲ့ကို လိုအပ်ပါတယ်။ ဘယ်ကစပြီး ဒီစိတ်ကိုမွေးရမှန်း မသိဘူး
ဖြစ်နေလား? သင့်ပတ်ဝန်းကျင် မှာ ရှိနေတဲ့ အပြုသဘောဆောင်တဲ့ စိတ်ရှိတဲ့သူတွေနဲ့ သင်ပေါင်းသင်းပါ ။ အလိုလိုကူးစက်လာ ပါလိမ့်မယ်။
.
၇။ သင်မွေးလာတဲ့အတိုင်း သင်နေပါ (Be who you were born to be)
သင်အောင်မြင်ချင်တာ သဘာဝကျပေမယ့် သင်ဟာ တခြားတစ်ယောက်အေ နနဲ့ အောင်မြင်စရာမလိုပါဘူး။ ဥပမာ- သင်ဟာ သင့်ရပ်ကွက်ထဲက
သူဌေးကြီးလို အောင်မြင်စရာမလိုပါဘူး။ သင်ဟာ မောင်ဖြူဆို မောင်ဖြူပုံစံအတိုင်းပဲ အောင်မြင်ပါ။ သင်ဟာ မောင်ညိုဆို မောင်ညို့အနေနဲ့ ပဲ
အောင်မြင်ပါ။
.
၈။ အမြင်ရှိပါ။ အတွေးရှိပါ (Have Vision)
နောက် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်ဆိုတာ မျို။ နောက် ၁၀ ဆယ်နှစ်ကြာရင် ဘာဖြစ်ရမယ်ဆိုတာ မျိုး အတွေးအမြင်တွေက သင့်အောင်မြင်မှု လမ်းကြောင်းကို
ပုံဖော်ပေးပါလိမ့်မယ်။
.
၉။ ဆင်ခြေပေးနေတာတွေကို ရပ်လိုက်ပါတော့ (Stop making excuses)
ကျွန်တော်က ဆင်းရဲလို့၊ ချို့တဲ့လို့။ ဘာဖြစ်လို့။ ညာဖြစ်လို့ဆိုတဲ့  ဆင်ခြေဟာ သင့်ကို အောင်မြင်မှုနဲ့ အဝေးဆုံးတွန်းပို့ပါလိမ့်မယ်။
သင်ဟာဘာပဲဖြစ်နေ နေ၊ လက်ရှိရောက်နေတဲ့ နေရာကနေ ကြိုးစားလိုက်ပါ ။ အောင်မြင်မှုဆိုတာ အပြောလွယ်သလောက် ၊ အလုပ်ခက်ပါတယ်။
ဆင်ခြေပေးနေတာတွေ ရပ်လိုက်ပါတော့။
.
၁၀။ လေ့ကျင့်ပါ (Practice)
သင်ဟာ ပိုထူးချွန်ချင် ပါသလား? ဒါဆို အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးကတော့ ထပ်ကာထပ်ကာ လေ့ကျင့်ပါ။
_____________
ရွှေညာမောင် (Focus Youth E-magazine)
Ref: LH
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: