တစ်နေ့မှာ မိတ်ဆွေတစ်ယောက် က သူ့သမီးလေးအကြော င်းကို ပြောလာ ပါတယ်။ သူ့သမီးလေးက အသက် ၃ နှစ်ပြည့်ခါနီးေ ပါ့။ ကလေးရဲ့ အကြည့်တစ်မျိုြး ဖစ်နေတာကို သတိထားမိလို့ သေချာကြည့်တော့ ကလေး က ညာဘက်မျက်လုံး ခပ်စွေစွေဖြစ်နေ တယ်။ ကလေးက မွေးတုန်းက မျက်လုံးကအတည့်ပဲ၊ အခုလည်း အဝေးကိုကြည့်ရင် ဘာမှမဖြစ်ပေမဲ့ အနီးကို ကြည့်တဲ့အခါ ခပ်စွေစွေဖြစ်နေ တယ်။ သူလည်း အရမ်းစိတ်ပူသွား တာနဲ့ မေတ္တာဦးမှာ သွားပြပြီး အထပ်ထပ်အခါခါ စစ်ဆေးတော့မှ သိရတာက ကလေးက အနီးကိုကြည့်တဲ့ အခါ အာရုံစိုက်မှု အရမ်းများနေတယ်၊ မျက်မှန်တပ်ပြီး သူငယ်အိမ်ကို တည့်ပေးရမယ်၊ အနီးအဝေးကို ပါဝါနဲ့တပ်ရပါမယ်၊ ရေချိုးချိန်နဲ့ အိပ်ချိန်ပဲ ချွတ်ပါ၊ ၇ နှစ် ၈နှစ်လောက်အထိတပ်ရင် ပျောက်ကင်းမယ်၊ ဒီလိုသာမဟုတ်ရင် အသက်ကြီးတဲ့အခါ ပတ်ဝန်းကျင်က အရာဝတ္တုတွေ လူတွေကို ရုပ်လုံးကြွမမြင်ပဲ TV ကြည့်သလို အပြားလိုက်ပဲမြ င်နိုင်တော့ တာမျိုးဖြစ်နိုင်တယ် လို့ ဆရာဝန်က ပြောပါတယ်။
မွေးကင်းစမှ ၇-၈ နှစ်အထိ ကလေးတွေဟာ အရောင်တွေအပေါ်မှာ အရမ်းစိတ်ဝင်စား တတ်တာကြောင့် ဖျတ်ခနဲဖျတ်ခနဲ အရောင်တွေ မြင်ကွင်းတွေပြောင်းသွားတတ်တဲ့ smart ဖုန်းတွေ၊ Tabelt တွေ၊ computer ၊ TV စတာတွေကို အာရုံအရမ်းစိုက် ပြီး ကြည့်လေ့ရှိကြပါ တယ်။ ကလေးတွေရဲ့ အာရုံစိုက်မှုဟာ အရမ်းကိုမြင့်မား တဲ့အတွက် တစ်ခုခုကိုကြည့် ရင် မျက်တောင်မခတ် တမ်းစူးစိုက်ကြည့်တတ်ကြပါတယ်။ အဲဒီအခါမှာ အမြင်အာရုံ ထိခိုက်စေတော့တာ ပါပဲ။ တချို့ကလေးတွေဆိုရင် နားကြပ်နဲ့ပါ တပ်ပြီး သီချင်းတွေကို ကြည့်ရှုနားထောင် တတ်တာမို့ နုနယ်တဲ့ကလေးတွေ မှာ အမြင်အာရုံသာမက အကြားအာရုံပါထိခိုက်နို်င်ပါတယ်။
မြို့ပြနေမိသားစုတွေကို လေ့လာဆန်းစစ်မှုတ စ်ခုလုပ်ကြည့်တဲ့ အခါ ၁ နှစ်အရွယ်ကလေး ၃ပုံ၁ပုံ ခန့်ဟာ ဖုန်းကိုကိုင်တွ ယ်သုံးစွဲ တတ်နေကြပါပြီ၊။ အသက် ၂နှစ်အရွယ်တွေကေ တာ့ ဖုန်းခေါ်တာ၊ သီချင်းကြည့်တာ၊ ဂိမ်းအလွယ်လေးတွေ ဆော့တာအထိပါ လုပ်နိုင်နေကြပြီး တစ်ခါသုံးမိရင် နာရီပေါင်းများစွာကြာတဲ့အထိ စွဲစွဲလမ်းလမ်ြး ဖစ်နေကြပါတယ်။ ကလေးဟာ ဖုန်းကိုစွဲလမ်း သွားပြီး မဆော့ရရင် ဂျီကျငိုယိုတဲ့အ ထိဖြစ်တတ်ပါတယ်။ ကလေးဖြစ်စေ လူကြီးဖြစ်စေ သေးငယ်တဲ့ screen ပေါ်မှာ အာရုံစိုက်တာများလွန်းရင် ဇက်ကြောတက်၊ ခေါင်းကိုက်ပြီး မျက်စိကိုက် မျက်စိမှုန်တတ်ကြ တာပါပဲ။
ဖုန်းကိုအာရုံစိုက်နေသူတစ်ယောက် ယောက်ကို ကြည့်လိုက်ပါ။ ကိုယ်နေဟန်ဟာ ကိုင်းနေပြီးမလှု ပ်မယှက်နဲ့ ကျန်းမာတဲ့ပုံစံ မျိုး မဟုတ်တာတွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ ညောင်းညာ တာ ခေါင်းကိုက်တာကို လူကြီးလိုမပြောတ တ်ပေမဲ့ မျက်လုံးကို ခဏခဏ ပုတ်ခတ်ပုတ်ခတ်လုပ်တာ၊ တခုခုကိုကြည့်ရင်းမျက်လုံးက အတွင်းထောင့်ကို ကပ်လာတာတွေဟာ အန္တရာယ် လက္ခဏာတွေပါပဲ။ အခုချိန်မှာ သင့်ကလေးဟာ ဖုန်းကို စွဲစွဲလမ်းလမ်ြး ဖစ်နေပြီဆိုရင်ေ တာ့ ဖုန်းသုံးချိန်န ည်းသမျှ နည်းအောင် အာရုံပြောင်းပေး လိုက်ကြပါ၊ မျက်စိအားကောင်း စေတဲ့ မုန်လာဥနီဖျော်ရ ည်၊ ခရမ်းချဉ်သီးဖျော်ရည် စတာတွေအပြင် ငါးကြီးဆီပါ တိုက်ကျွေးပြီး ကလေးရဲ့အမြင်အာရုံကို အမြန်ဆုံးထိန်းသိမ်းကာကွယ်ကြပါလို့ အကြံပြုလိုက်ရပါ တယ်။
Photo - quibly
Win Pa Pa San @စံဝန်းနီ (ရိုးရာလေး)
Win Pa Pa San @စံဝန်းနီ (ရိုးရာလေး)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
Post A Comment:
0 comments:
Please click on advertisement !