-----

Unknown - Aug 12 2023

Unknown - Aug 11 2023

Unknown - Jul 09 2023
Advertise Here !
တစ်ခါတုန်းက လယ်သမားတစ်ယောက်ဟာ ဒေါသအလျောက် သူ့အိမ်နီးနားချင်းတစ်ယောက်ကို စိတ်လိုက်မာန်ပါ ပြောဆိုမိခဲ့ပါသတဲ့။
လယ်သမားကြီးဟာ စိတ်ဆိုးတုန်းက ပြောခဲ့မိတဲ့စကားတွေကို သွေးအေးသွားတဲ့အခါကျ နောင်တတွေရပြီး စိတ်မကောင်း ဖြစ်ပါတယ်။
ဒီတော့ သူကပဲ မနေနိုင်ဘဲ သူ့အိမ်နီးနားချင်းကို သွားတောင်းပန်ပါတော့တယ်။
အိမ်နီးနားချင်းဖြစ်သူက လယ်သမားကြီးကို ငှက်တောင်မွေးတွေ အပြည့်ထည့်ထားတဲ့ အိတ်ကိုပေးပြီး မြို့လယ်ခေါင်မှာ ငှက်တောင်မွေးတွေကို
သွားပစ်ခိုင်းပါတယ်။ လယ်သမားကြီးက သူ့အိမ်နီးနားချင်းရဲ့ ခွင့်လွှတ်မှုကို ရချင်တဲ့အတွက် သူပြောတဲ့အတိုင်း လုပ်ဆောင်ပါသတဲ့။
ငှက်တောင်မွေးတွေကို ပစ်ပြီးတဲ့အခါ လယ်သမားကြီးဟာ အိမ်နီးချင်းထံပြန်လာပါတယ်။ ဒီအခါမှာတော့ အိမ်နီးချင်းဟာ ပစ်ထားခဲ့တဲ့
ငှက်တောင်မွေးတွေကို အိတ်အတွင်း ပြန်ကောက်ထည့်ခဲ့ဖို့ မှာပါတယ်။ လယ်သမားလည်း မြို့လယ်ခေါင်ကို ပြန်သွားပြီး
ငှက်မွေးတွေကို ကောက်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ငှက်မွေးတွေဟာ လေနဲ့ပါသွားကြတဲ့အခါ မရှိတော့သလောက်တောင် ဖြစ်နေပါတယ်။
ဒီလိုနဲ့ လယ်သမားကြီးလည်း အိတ်အလွတ်ကိုသာ ကိုင်လျက် ပြန်လာခဲ့ပြီး ငှက်မွေးတွေကောက်ဖို့ မဖြစ်နိုင်တော့ကြောင်း
သူ့အိမ်နီးချင်းထံ ပြန်အကြောင်းပြန်ပါတယ်။ ဒီအခါမှာတော့ အိမ်နီးချင်းက "မိတ်ဆွေ စိတ်လိုက်မာန်ပါပြောခဲ့မိတဲ့ စကားဟာ မိတ်ဆွေ
ငှက်မွေးတွေကို ပစ်ချခဲ့သလို ပါးစပ်ကအလွယ်ထွက်သွားခဲ့တယ်။ ဒါပေမယ့် ငှက်မွေးတွေကို ပြန်ကောက်ဖို့မဖြစ်နိုင်သလို၊ ပြောပြီးသား
စကားကိုလည်း ပြန်ရုတ်သိမ်းဖို့ မဖြစ်နိုင်ပါဘူး။ နောက်ဆို မိတ်ဆွေ အနေနဲ့ စကားတစ်ခွန်းမပြောခင် သေချာစဉ်းစားပြီးမှ ပြောပါ" လို့ ဆိုပါသတဲ့။
စိတ်ထဲကပါသည်ဖြစ်စေ၊ မပါဘူးဖြစ်စေ ပါးစပ်ကပြောလိုက်တဲ့ မကောင်းတဲ့စကားတွေဟာ တစ်ဖက်သားအတွက် ထိခိုက်နစ်နာစေမိတယ်ဆိုရင်
ပြန်ကုစားလို့ မလွယ်တော့ပါဘူး။ တောင်းပန်နိုင်လို့ ခွင့်လွှတ်မယ်ဆိုရင်တောင် ပြောပြီးသားစကားက နာကျင်စေပါတယ်။
စက္ကန့်ပိုင်းအတွင်း ကိုယ်ပြောခဲ့တဲ့စကားက နှစ်နဲ့ချီတာတောင် မမေ့နိုင်တဲ့ နာကျင်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် စကားတစ်ခွန်း (အထူးသဖြင့် တစ်ဖက်သားအတွက် နာကျင်စေမယ့်စကားမျိုးဆိုရင်) မပြောမိခင် သေချာစဉ်းစားပြီးမှ ပြောသင့်ပါတယ်။
ရွှေညာမောင် (Focus Youth E-magazine)
Ref: Spoken words can't be retrieved
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: