-----

Unknown - Aug 12 2023

Unknown - Aug 11 2023

Unknown - Jul 09 2023
Home
ဗဟုသုတ
သင် အတုယူနိုင်တဲ့ အောင်မြင်သူတို့ရဲ့ ကျင့်ထုံးများ
Advertise Here !
(၁) အာရုံစူးစိုက်မှု (Focus)
သင့်အနေနဲ့ အာရုံတွေ ပြန့်လွင့်နေမယ်ဆိုရင် သင့်ရဲ့လုပ်ဆောင်ချက်တွေဟာ အကောင်းဆုံးအနေအထားမှာ ရှိနေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုခုကို
လုပ်တော့မယ်ဆိုရင် အတွေးတွေမများပဲ အကောင်းဆုံး အာရုံစူးစိုက်နိုင်ဖို့ လိုပါတယ်။ ဒီအချက်က သိပ်မခက်ပေမယ့် လူတော်တော်များများဟာ အကြောင်း
အမျိုးမျိုးကြောင့် ဗျာများနေလေ့ရှိပါတယ်။ ဒါကိုသာ သတိထားပြင်နိုင်ရင် သင့်လုပ်ဆောင်ချက်တွေ တိုးတက်လာမှာပါ။
(၂) စိတ်အားထက်သန်မှု (Passionate)
ဝတ်ကျေတန်းကျေလုပ်တဲ့ အလုပ်တစ်ခုနဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်တဲ့အလုပ်တစ်ခုဟာ ပြောစရာမလိုအောင် ကွာပါတယ်။ စိတ်အားထက်သန်မှု
တစ်ခုဖြစ်ဖို့ဆိုရင် တွန်အား (motivation) တစ်ခုလိုပါတယ်။ ဒါဟာ ဖိအား (pressure) နဲ့ မတူပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်၊ ကိုယ့်အတွက် စိန်ခေါ်မှု
တွေရှိတဲ့အလုပ်၊ ကိုယ့်အတွက် အနာဂတ်ရှိတယ်လို့ ခံစားရတဲ့အလုပ်တွေက ကိုယ့်ကို တွန်းအားတစ်ခုဖြစ်စေပါတယ်။
(၃) ကြိုးစားမှု (Work Hard)
မကြိုးစားဘဲ အောင်မြင်သွားတဲ့သူဆိုတာ မရှိပါဘူး။ အောင်မြင်မှုတိုင်းမှာ လုံလောက်တဲ့ အားထုတ်မှုတစ်ခုလိုအပ်စမြဲပါ။ အခုလက်ရှိမှာ မအောင်မြင်နိုင်သေး
ဖူးဆိုရင် ကိုယ့်ရဲ့အားထုတ်မှုဟာ မလုံလောက်သေးဖူးလို့သာ မှတ်ယူထားပါ။ ဒါပေမယ့် ကြိုးစားမှုကိုတော့ ဘယ်တော့မှ မလျော့ပစ်လိုက်ပါနဲ့။
(၄) တိုးတက်ခြင်း (Improving)
လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုမှာ ထိပ်တန်းအောင်မြင်သွားတယ်၊ သင်စရာမရှိတော့လောက်အောင် ဆိုတာ မရှိပါဘူး။ အရမ်းတိုးတက်တဲ့ နည်းပညာမှာ
တောင် စဉ်ဆက်မပြတ် တိုးတက်မှုတွေ ရှာဖွေနေရပါတယ်။ ဒီလိုပဲ ကိုယ့်ရဲ့တိုးတက်မှုတွေကို ရပ်တန့်ပစ်လိုက်လို့မရပါဘူး။ တစ်နေ့ကို အချိန်အနည်းငယ်ပေးပြီး
ကိုယ့်ရဲ့ တိုးတက်ခြင်း လုပ်ငန်းစဉ်တွေမှာ ရင်းနှီးမြုပ်နှံနိုင်ပါတယ်။
(၅) အချိန်ကို အသုံးချခြင်း (Time Spending)
ဆင်းရဲတဲ့သူရော၊ အောင်မြင်တဲ့သူရောမှာ သာတူညီမျှပိုင်ဆိုင်ခွင့်ဆိုလို့ ၂၄နာရီ ဆိုတဲ့ အချိန်ပဲရှိပါတယ်။ ဒီအချိန်ကို အသုံးချပုံကွဲပြားခြင်းကပဲ မတူညီတဲ့ အနာ
ဂတ်တွေကို ဖြစ်ပေါ်လာစေပါတော့တယ်။
(၆) ပိုလုပ်ပါ (Go Beyound limit)
ဒီနေ့ တစ်နာရီစာဖတ်မယ်လို့ စိတ်ကူးရင် ငါးမိနစ်ပိုဖတ်လိုက်ပါ။ မနက် ၅ နာရီထမယ်ဆိုရင် ငါးမိနစ်စောထလိုက်ပါ။ နည်းနည်းချင်းဆီပိုလုပ်တဲ့အကျင့်က ရေ
ရှည်မှာကျရင် သင့်ကို မထင်ထားလောက်အောင် အကျိုးများစေပါလိမ့်မယ်။
(၇) ပေါင်းသင်းဆက်ဆံရေး (Build Relationships)
အောင်မြင်ရေးရဲ့ အရေးကြီးတဲ့သော့ချက်နောက်တစ်ခုက ပေါင်းသင်းဆက်ဆံရေးပါပဲ။ လူများများကိုပေါင်းနိုင်လေလေ၊ ကိုယ့်အတွက် အောင်မြင်ဖို့ ရာခိုင်နှုန်း
များလေလေပါပဲ။ ဒီလိုပေါင်းသင်းဆက်ဆံရေးကောင်းဖို့ဆိုရင် လူတွေအပေါ်ထားတဲ့ သင့်အမြင်ကို အရင်ဆုံးပြောင်းလဲပစ်ရပါမယ်။ လူတွေကို မကောင်းမြင်လို့
မရပါဘူး။ သင်သိထားရမှာက အခွင့်အရေး၊ သင်ယူစရာတွေနဲ့ ဗဟုသုတ အများစုက လူတွေဆီက မြစ်ဖျားခံလာတယ်ဆိုတာပါပဲ။
ရွှေညာမောင် (Focus Youth E-magazine)
Ref: MG Focus Youth E-magazine
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: