Advertise Here !

ဝက်ဆိုဒ်တစ်ခုလုံးကို ဒေါင်းလုပ်ချနိုင်တဲ့ tool တွေကတော့အများကြီးရှိပါတယ်။
  • Web Copier

  • Web Zip ..

.စသဖြင့်ပေါ့။ သည်နေရာမှာ ကျွန်တော်သုံးမှာကတော့ WinHTTrack ဖြစ်ပါတယ် သုံးရလွယ်သလို မြန်ဆန်မှုလည်းရှိပါတယ်။သူရဲ့ interface ကလည်းရိုးစင်းပြီး သုံးရလွယ်ကူပါတယ်။ ဆိုဒ်တစ်ခုလုံးကို ဒေါင်းလုပ်ချပြီးပြီဆို အင်တာနက်မလိုတော့ပဲ ဆိုဒ်တစ်ခုလုံးက ပို့စ်တွေ Offline လေ့လာနိုင်ပါပြီ။ ဒီ tool ကတော့ တစ်ခါစထားပြီး ဆိုဒ်တစ်ခုလုံး မဆွဲရသေးရင် နောက်ပြန်ဆွဲတဲ့အခါ ရောက်တဲ့နေရာကနေဆက်လက်ဆွဲပေးမှာဖြစ်ပါတယ်။ ကိုယ့် ပရောဂျက်ကိုသိမ်းထားပြီး ပြန်ဆွဲလိုတဲ့အခါ ပရောဂျက်ကိုဖွင့်ပေးလိုက်ရမှာဖြစ်ပါတယ်။ သူဘာသာသူ အလုပ်လုပ်နေတာမို့ ကိုယ့်ဘာသာကို ဖေ့ဘုတ်သုံးရင်း ဆိုဒ်တွေမွှေရင်း အလုပ်လုပ်နေနိုင်ပါတယ်။အောက်မှာ WebHttrack ကို ဒေါင်းလုပ်ဆွဲဖို့နဲ့ အသုံးပြုနည်းအသေးစိပ်ကို ပုံနှင့်တကွဖော်ပြထားပါတယ်ခင်ည။
၁။ ပထမဆုံး WinHttrack ကို ဒေါင်းလုပ်ချပြီး အင်စတောလုပ်ပေးပါ။ပြီးရင် Run ပါ။အောက်ပါအတိုင်းတွေ့ရပါမယ်။

၂။next ကိုနှိပ်ပေးပါ။အောက်ကပုံအတိုင်းတွေ့ရပြီဆို အပေါ်ဆုံးကအကွက်ထဲမှာ နာမည်တစ်ခုပေးပါ။ ဆိုဒ်နာမည်ကိုပေးထားတာကောင်းပါတယ် ။ဆိုဒ်တစ်ခုထက်မက ဆွဲထားရင်နောက်ပြန်ဝင်ရတာလွယ်ပါတယ်။Base path နေရာမှာ သိမ်းမယ့်နေရာပါ။ :D အပိုင်းမှာသိမ်းထားပါတယ်။ မျှားပြထားတဲ့နေရာမှာ ကလစ်နှိပ်ပြီး မိမိသိမ်းလိုရာနေရာမှာ သိမ်းဆည်းနိုင်ပါတယ်။ပြီးရင် Next ပါ။


၃။နောက်တစ်ဆင့်မှာဆို ကိုယ့်ဒေါင်းလုပ်ဆွဲချင်တဲ့ ဆိုဒ်ရဲ့ address ကို Web Address မှာ တိုက်ရိုက် ရိုက်ထည့်နိုင်သလို Add Url ကနေလည်း ထည့်ပေးနိုင်ပါတယ်။ဆိုဒ်တစ်ခုထက်မက ထည့်ရင်လည်းရပါတယ်။ကျွန်တော်ကော်နက်ရှင်က တော့ တစ်ခုတောင်အနိုင်နိုင်ပါ။:(





၎။ပြီးတာနဲ့ Next လုပ်ပါ။Finish ပေးလိုက်တာနဲ့ မိမိထည့်ထားတဲ့ ၀က်ဆိုဒ်ကို ဒေါင်းလုပ်စဆွဲနေပါပြီ။မိမိလုပ်ချင်ရာလုပ်နေနိုင်ပါတယ်။တကယ်လို့ ဆိုဒ်တစ်ခုလုံးမဆွဲရသေးခင် ကော်နက်ရှင် ပိတ်လိုက်ရင်လည်း နောက် ပြန်စတဲ့အချိန်က ရောက်တဲ့နေရာက ပြန်ဆွဲပါတယ်။ အဆင်ပြေကြပါစေဗျာ။

 

DOWNLOAD 32BIT HERE

DOWNLOAD 64BIT HERE

ပို့စ်ရေးသူ-HanWaiLinn-အပြတ်ရှင်းမိုဘိုင်း၊ကဇွန်းမရွာ
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments: