Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
Myanmar Telecommunications Master Plan မူကြမ်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် http://www.mcit.gov.mm/law-and-regulation/telecoms တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှ စတင်ဖော်ပြ၍ အကြံပြုချက်များ တောင်းခံလျက်ရှိကြောင်း၊ အကြံပြုချက်များကို so-info1@e-mcit.gov.mm သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း သိရသည်။
ယင်းအပြင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်တွင် Master Plan နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းမည်ဖြစ်ကြောင်း၊ မည်သူမဆို ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေး အကြံပြုနိုင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တက်ရောက်၍ ဆွေးနွေးလိုသူများအနေဖြင့် Master Plan မူကြမ်းတွင် ပါဝင်သော ဆွေနွေးလိုသည့် ခေါင်းစဉ်၊ အချက်အလက်၊ အကြောင်းအရာ တို့ကိုဖော်ပြ၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ ရက်၊ တနင်္လာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး so-info1@e-mcit.gov. mm သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။
Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
Post A Comment:
0 comments:
Please click on advertisement !