ဟုတ်ကဲ့ မင်္ဂလာပါ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေခင်ဗျာ ကျွန်တော်လည်း အကြောင်းအမျိုးမျိုးသော ကိစွများကြားထဲတွင် အချိန်ကုန်နေရပါတယ် ဒါကြောင့် ကဗျာများ ရေးသားပေးပို့ထားသော်ငြားလည်း Update ဖြစ်အောင် online မှာ Update မလုပ်ပေးနိုင်ခဲ့သေးပါ ဘာပဲဖြစ်ဖြစ်ကျွန်တော့်ကို အားပေးနေပါတယ် တင်ပေးပါအုံး စကားလေးတွေက ကျွန်တော်အတွက် အားဖြစ်စေပါတယ် ကဲ ကျွန်တော်တင်ပေးလိုက်ပါပြီ...
Discription // // ကျွန်တော့်အားကဗျာတွေပေးပို့သူတွေများပါတယ် ဒီအထဲမှာ အချို့ ကဆိုတာထက် ၀ါသနာ ပါလို့ပို့တာများပါတယ် အဲဒီတော့ ကျွန်တော်တို့ တင်ပေးတဲ့ ကဗျာတွေက အခုတင် သုံးရက်အလွန်ဆုံး Older Post ထဲရောက်ပြီး ဒီတိုင်တော့ အဖြစ်မခံနိုင်ဘူး ရေးသူလေးတွေကို သိစေချင်တယ်ဗျာ ဟုတ်ကဲ့ကျွန်တော်ဘာမှမဟုတ်ပါဘူးခင်ဗျာ ... ဟုတ်ကဲ့ ခင်ဗျ ကျွန်တော်တို့ ရေးသားပေးပို့ထားတဲ့ ကဗျာတွေရဲ့ အောက်မှာ ရေးသူ=မည်သူဆိုပြီး ရေးသားလေ့ရှိပါတယ် ဟုတ်ကဲ့အဲ့ရေးသားသူတွေရဲ့ကဗျာတွေ ကောင်းရင် သူတို့နာမည်ရယ် ရေးသားသော ကဗျာခေါင်းစဉ်လေးရယ် မက်ဆေ့ပေးပို့နိုင်ပါတယ် ထိုပေးပို့သော ကဗျာရေးသားသူ ၏ SMS များသည် ၁ရက်ထဲနှင့်အဆောင်ရေ ၂၀ ပြည့်ပါက ကျွန်တော့်အား Bill Card ပေးပို့ထားသော Money များထဲမှ ဘေကဒ်၁ ထောင်အား ထိုကဗျာရေးသားသောသူထံသို့ ပေးပို့ပြီး ၀မ်းသာစကားပြောမည်ဖြစ်ပါတယ်ခင်ဗျာ ... ထို့နောက် ထို စာရေးသူ၏ ကဗျာများကို ၁ ရက်တွင် သူ၏ကဗျာကိုသီးသန့်ပဲ ပေးပို့သလောက်တင်ပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ... ဒါ ကျွန်တော် ဖတ်ရူ့သူတွေနဲ့ရေးသားသူတွေအတွက် စဉ်းစားထားသော ခပ်ပိန်းပိန်းဦးနှောက်လေးဖြစ်ပါသဖြင့် ကျွန်တော့် အစီအစဉ်လေးအားအကြံညဏ်ပေးလို ကန့်ကွက်လို အကြောင်းအမျိုးမျိုး ပြောခင်ရင် မနက် ၉ နာရီမှ ည၉ နာရီအထိ တိုက်ရိုက် ဖုန်းဆက်နိုင်ပါတယ်ခင်ဗျာ တစ်ခုခု လိုအပ်ခဲ့ရင် ညဏ်တိန်လို့ခွင့်လွှတ်ပေးစေချင်ပါတယ်ခင်ဗျာ... :D
"မင်းနဲ့ငါ...
ဘ၀တွေတိုင်း တောင်းဆုပြုမယ်
ဒီလိုညနေ မင်းနဲ့ငါ...
တောင်းဆုပြုမယ်
ဒီလိုညနေ မင်းမေ့မရတော့ပြီး
လာပါခရီးကြမ်းလဲ ဆက်ရန်အသင့်ပါ
ဘ၀ဆက်တိုင်း မင်းနဲ့ငါ"
{{ရေးသူ-အူမိုးသောင်}}
"ကိုးစားလျက်...
ဘ၀မှာရစ်ပတ်
ဆုလာဘ်မဲ့ကာ
အနွံတာခံဒီဘဝ
ရိုးရှင်းသောအချစ်
အပြစ်မဲ့စွဲချက်
ထိုးခံဒီလူ
အမျက်မထင်
ခေါင်းငုံ့လျက်ကာ
ဤဝေဒနာ
ကိုးစားလျက်ပါ"
{{ရေးသူ ကလောင်-သူ}}
"ပန်းပိတောက်တွေလည်းပြာ
ခါးတမာတွေလည်းချို
အာကာယံကမိုးတွေပြိုပြီး
တောင်မြင့်မိုရ်အက်ကမွာပျက်မှ
ဒို့ကိုမေ့မယ်ဆို အခုတော့
ပိတောက်မပြာ
တမာလဲမချို
မိုးမပြိုတောင်မအက်ဘဲ
မေ့ရင်ခွင်ကို ခွဲ
အဝေးဆုံးသွားပြီပေါ့ချစ်ရယ်"
{{ရေးသာ=လင်းသာ}}
"နင်နဲ့ငါဟာချစ်ခဲ့တာကြာပေမဲ့
သံဃောစဉ်ကြိုးလေးက ဆွေးမြေ့မသွားဘူးနော်
နင်နဲ့ငါရန်ဖြစ်တာလည်းခဏခဏပဲ
ဲနာကျဉ်းခြင်းဆိုတဲ့
စိတ်တစ်ချက်လေးမှမဖြစ်ခဲ့ဘူး
ဒါပေမဲ့
သံဃောဇဉ်ကြိုးမျဉ်လေးကို
နားကျဉ်ခြင်းမီးစလေးနဲ့ညှိလိုက်မိရင်တော့
ဒို့တွေရဲ့အချစ်တွေဟာ
တစ်နေ့နေ့မှာ ပြာဖြစ်မှာ
ပြာဖြစ်မှာအမှန်ပဲ ချစ်သူရယ်"
{{ရေးသူ=ခင်ဇာဇာကျော်(တောင်ကြီး)}}
"တမူးမြေသို့
တစ်နေ့တစ်ရက်
အမေ့ခက်တည့်
အလွမ်းရက်ရှည်
တမူးမြေ *
ဝေးကာရက်ပေါင်းရာထောင်သောင်းလဲ*
မမေ့ခဲ့ပေတမူးမြေကို*
ရာသီတစ်ဆစ်အလွမ်းတစ်ရစ်ဖြင့်
နွေမှမိုးဆောင်းဘယ်လိုပြောင်းလဲ*
မပြောင်းချစ်ကြင် အစဉ်မေစ်တာ*
အနာဂါတ်လမ်းထက်*
ကြိုးစားလျက်မို့*
တောင်းဆုတွေချွေ စောင့်မျော်လျက်နေပါ့
တမူးသူရယ်။*****"
{{ရေးသူ=WinZaw(ဟုမတ်လင်းမြို့နယ် -မှန်ပင်ကျေးရွှာ)}}
ကျွန်တော်ကိုဖုန်းဆက်ပြီးမိမိတို့ ရင်တွင်းမှာဖြစ်သော ကဗျာ ၊ ရသ ၊ဒသန များကို စာတို မက်ဆေ့ဖြင့်သော်လည်းကောင်း ၊ E-Mail ဖြင့်ဆက်ဖြင့်သော်လည်းကောင်း ပေးပို့ပြီး
မိမိတို့ရဲ့ရင်တွင်းဖြစ်များကို အများအားမျှဝေခံစားစေလို၊ ၀ါသနာအရဖြစ်စေ ၊ အကြေင်းအမျိုးမျိုးကြောင့် Shaing လုပ်ချင်ရင် (သူတစ်ပါးအားမထိခိုက်စေဘူးဆိုရင်) ကျွန်တော့်အား မိမိတို့ရဲ့
ကလောင်နာမည်၊နေရပ်၊facebookသုံးပါက Facebook မှာ Firend အဖြစ်လက်ခံဖို့ Link ပေါ့ ကျန်သော Sociel Website များနဲ့ ပေးစေချင်သော အများပါထည့်ပေးပါ ကျွန်တော့်အား mail
ဖြင့်ဖြစ်စေ မက်ဆေ့ပို့ပြီးဖြစ်စေ ပေးပို့နိုင်ပါတယ်ခင်ဗျာ။ ။(မှတ်ချက်။ ။ ဆရာကြီးတစ်ယောက်မဟုတ်ပါဘူး ၊ဘာမှလည်းမဟုတ်ပါဘူး ပြီးတော့ တစ်ခုခုလိုခဲ့ရင် ကောင်းစေချင်စိတ်စောနေလို့လို့
နားလည်ပေးပါ နော် ကူညီရုံသက်သက်ပါ နောက်ပြီး စာအရေးအသားညံခဲ့သသည်ဖြစ်စေ ၊စာလုံးလေးများလိုခဲ့သည်ဖြစ်စေ် ကောင်းစေချင်စိတ်ကြောင့်မို့ နားလည်ပေးအုံးနော်... )
ကဗျာတွေကို ကိုယ်တိုင်တင်ပေးပေမဲ့ ကိုယ်တိုင်ရေးသားတာမဟုတ်ပါဘူး နောက်ပြီး ရေးသားသူများက တစ်ကယ့်ဝါသနာ ပါပြီး တစ်ကယ်ပါရမီရှိတဲ့သူတွေပါ အဲ့တာကြောင့်ကဗျာရေးသူများကို
အောက်တွင် ရေးသူ=မည်သူမည်ဝါ လို့ရေးသားထားပါတယ် မိမိတို့ အနေနဲ့ကြိုက်နှစ်သက်ရင် ထိုကဗျာရေးသူ နာမည်ကို Message ပေးပို့နိုင်ပါတယ် ကျွန်တော့်အနေနဲ့ ကဗျာဆရာ အား
ဝမ်းသာစေမည့်စကားလေးများ လက်ဆင့်ကမ်းပေးပါမည်ခင်ဗျာ...

Thiha Htike(THT)
thihahtike.it@gmail.com
0973151297
ဆွေသဟာ Mobiel Sales & Service
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ
အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....
(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)
မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call
& Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply
ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..
Welcome From My Blog
Welcome From My Facebook Group
Welcome From My Facebook Page
Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P
ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...

အားလုံးအတွက် ကျွန်တော်စကားလေး ခွန်းအားလေးတစ်ခု ပေးခဲ့ပါမယ်နော်...
" အော်ငါ ငယ်ငယ်လေးကတည်းက ငါ့ရည်ရွှယ်ချက်တွေကို ငါကြိုးစားလာခဲ့တာ အခက်အခဲနဲ့တိုက်ခိုက်မူတွေကို တိုက်ခိုက်ကျေ်လွှားလာတာ ငါ အခုဖြစ်သွားတာငါ့အတွက် အမည်းစက်မဟုတ်ဘူး ဒါ ငါကျော်လွှားခဲ့တဲ့ အခက်အခဲတစ်ခုပဲ ဒါကြောင့် ငါ့ရည်ရွှယ်ချက် မမှေးမှိန်သွားစေရဘူး ငါအောင်မြင်ရမယ် " လို့ တွေးရင် နေပူထဲကလာတဲ့ လူတစ်ယောက်ကို အေးမြတဲ့ မြေအိုးလေးထဲက ရေလေးကို ဒန်ခွက်လေးနဲ့ ခပ်ပေးလိုက်သလို သောက်သူခဏတာအေးချမ်းသွားစေမယ်လို့ထင်ပါတယ်နော်...
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
Post A Comment:
0 comments:
Please click on advertisement !