ဘာလိုလိုနဲ့
ကောင်းကင်ပြင်ကြီးတောင်
အုံ့မှိုင်းလာရောပေါ့
အလွမ်းတွေက ရင်မှာအပြည့်နဲ့
မညာမတာရက်စက်နေလေခြင်း
အခြေအနေက ပုံမှန်မဟုတ်
ရူးသွပ်လွန်းအားကြီးနေတယ်
ခံစားချက်တွေမျိုသိပ်ထား
အလွမ်းတံခါးတွေ ဘယ်လောက်ခြားခြား
ငါ့နှလုံးသားတစ်နေရာက
တိုးတိုးလေးအမြဲညဉ်းနေတတ်တဲ့
ချစ်သူ ......
တစ်ခုလောက်တော့ တောင်းဆိုပါရစေ
မျက်ရည်မိုးတွေ ခဏခဏမရွာချပါနဲ့လား ချစ်သူ။
ပတ်ဝန်းကျင်ကိုသာ
မင်းဂရုစိုက်နေမယ်ဆိုရင်
ငါတို့ရဲ့ နီးခြင်း ဝေးခြင်းက
ပတ်ဝန်းကျင်ကပဲ ဆုံးဖြတ်ပေးသွားလိမ့်မယ် .....
Admin……………လင်းလက်လွန်း
Ph no……………09428187125
Post A Comment:
0 comments: