Advertise Here !

ဝမ်းတွင်းကရေကြည်
သန္ဓေတည်က
ချို ခြင် ပူ စပ်
စားချင်ပါလျှက်
ဝမ်းတွင်းသန္ဓေသား
တည့်ပ့ါမလား
တွေရင်းပူကာ
ငတ်ခဲ့ရလည်း
မယိုင်လည်းတဲ့
မေတ္တာရှင်မေမေ
ကိုးလ လွယ်ကာ
ဆယ်လ ဖွားစင်
သေမင်း ဘုရင်နဲ့
စစ်ခင်းရလည်း
မယိုင်လဲတဲ့
မေတ္တာရှင်မေမေ
အရွယ် မဝင်တဲ့
တို့ တာဝန်ကို
ပြုစုရင်းလည်း
မယိုင်လဲတဲ့
မေတ္တာရှင်မေမေ
လူလားမြောက်လို့
အရွယ်ရောက်လည်း
တို့ အတွက်ရင်မအေး
စိတ်က လေး၍
လောကဓမ္မတာ
သောကအဖြာဖြာကို
တွင်းလှန်တိုက်ထုတ်
နောက်မဆုတ်တဲ့
မေတ္တာရှင်မေမေ။
                                   ကျော်ကျော်
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments: