တွေးမထားပါဘူး
ရေးမထားတဲ့ စာသားတွေနဲ့ပေါင်းစပ်ကြည့်မိတာပါ
အလွမ်းနယ်မြေကို
ကန္တာရကြီးတစ်ခုလို
ပူလောင်စွာ ဖြတ်ကျော်နေရင်းပေါ့
နင့်ကိုလွမ်းမိတဲ့ညတိုင်း
ကောင်းကင်ကြီးကို မော့ကြည့်မိလေရဲ့
နင်က လမင်းလေးလို
အေးချမ်းမှုတွေယူဆောင်လာပေးတယ်
နင်ဟာငါ့ရဲ့ လိုနေတဲ့ကွက်လပ်လေးတစ်ခုပေါ့
အတွေးတွေနယ်ကျွံနေရင်း
တိုးတိုးလေးရေရွတ်မိတယ်
………နင့်ကိုအရမ်းချစ်တယ်………
(လရောင်ဝိုင် အတွက် အောင်သက်ပိုင်ရဲ့ခံစားချက်)
Admin ………လင်းလက်လွန်း
Ph no…………09428187125
Post A Comment:
0 comments:
Please click on advertisement !