မအားသောအလုပ်ကြားထဲမှာ
အကြာင်းအမျိုးမျိုးနဲ့ရူပ်နေရပါတယ် အခုတော့တင်ပေးလိုက်ပါပြီ ယခုပို့စ်
ကျွန်တော့် ကိုဖုန်းဆက်ပြီးမေးမြန်းထားသော သူများအတွက် သီးသန့်ပေါ့နော်..
ဒါပေမဲ့ မသိသောသူတွေဖတ်နိုင်ပါတယ်.အားလုံးကိုစုစည်းပြီး တင်ပေးလိုက်ပါပြီ
..
ဖုန်းဆက်မေးမြန်းထားသောသူများ ထဲမှ မေ့ပြီး မတင်ပေးဖြစ်ခဲ့ရင်ပြန်လည်တောင်းဆိုနိုင်ပါတယ်..ပြီးတော့ မအားတဲ့အခါ ၊လိုင်းမကောင်းလို့ဆိုရင်
ပို့စ်တွေကိုသတ်မှတ်ထားတဲ့အတိုင်းတင်ပေးဖြစ်မယ်မဟုတ်ပါ နားလည်ပေးပါ..ယခုဒီပို့စ်ထဲမှ စာသား၊ပို့များသည် ဒီဆိုဒ်မှာရှိချင်ရှိပါလိမ့်မည် ၊ ဒီဆိုဒ်မှာရေးသော
ဘလော့ခ်ဂါတွေရေးရင်ရေးခဲ့ဖူးမယ် ၊ ဒါပေမဲ့နားလည်ပေးပါ ၊ယခုမှစတင် Media Device များကိုသုံးမဲ့ သူများအတွက် သူတို့မရှာဖွေတတ်လို့ တောင်းဆိုလို့တင်ပေးရတာ ဆရာ၊
ညီအကိုများနားလည်ပေးကြပါနော်..်ဖုန်းဆက်သူများလည်းအရင်ဆုံးကိုယ့်ဘာသာကိုယ်Try ကြည့်ပါအုံးဗျ ချက်ခြင်းမသိတာရှိမေးမည်ဆိုပဲလုပ်မနေပါနဲ့ ကျွန်တော်လည်းအလုပ်ကတစ်ဖက်မို့ပါ..
အချို့သောကိစွ များဟာ ကျွန်တော့် ပါးစပ်နဲ့ဖြေလို့ မရတဲ့ ပြသနာများကိုတော့ ပို့စ်တင်ပေးနေပါတယ် .. မိမိတို့ တင်လိုသော နည်းပညာပိုင်းဆိုင်ရာ များကိုတော့ ကျွန်တော့်ကိုဖုန်းဆက်ပေါ့နော်
..စာသားတွေထဲမှာ ရယ်စရာလေးတွေပါတယ် အဲ့တာကတော့ပို့စ်တွေကရှည်တော့ ပျင်းမှာစိုး ဟာသပြဇာတ်ကို အလကား ခေါ်ထားတာ :P
ဖုန်းဆက်မေးမြန်းထားသောသူများ ထဲမှ မေ့ပြီး မတင်ပေးဖြစ်ခဲ့ရင်ပြန်လည်တောင်းဆိုနိုင်ပါတယ်..ပြီးတော့ မအားတဲ့အခါ ၊လိုင်းမကောင်းလို့ဆိုရင်
ပို့စ်တွေကိုသတ်မှတ်ထားတဲ့အတိုင်းတင်ပေးဖြစ်မယ်မဟုတ်ပါ နားလည်ပေးပါ..ယခုဒီပို့စ်ထဲမှ စာသား၊ပို့များသည် ဒီဆိုဒ်မှာရှိချင်ရှိပါလိမ့်မည် ၊ ဒီဆိုဒ်မှာရေးသော
ဘလော့ခ်ဂါတွေရေးရင်ရေးခဲ့ဖူးမယ် ၊ ဒါပေမဲ့နားလည်ပေးပါ ၊ယခုမှစတင် Media Device များကိုသုံးမဲ့ သူများအတွက် သူတို့မရှာဖွေတတ်လို့ တောင်းဆိုလို့တင်ပေးရတာ ဆရာ၊
ညီအကိုများနားလည်ပေးကြပါနော်..်ဖုန်းဆက်သူများလည်းအရင်ဆုံးကိုယ့်ဘာသာကိုယ်Try ကြည့်ပါအုံးဗျ ချက်ခြင်းမသိတာရှိမေးမည်ဆိုပဲလုပ်မနေပါနဲ့ ကျွန်တော်လည်းအလုပ်ကတစ်ဖက်မို့ပါ..
အချို့သောကိစွ များဟာ ကျွန်တော့် ပါးစပ်နဲ့ဖြေလို့ မရတဲ့ ပြသနာများကိုတော့ ပို့စ်တင်ပေးနေပါတယ် .. မိမိတို့ တင်လိုသော နည်းပညာပိုင်းဆိုင်ရာ များကိုတော့ ကျွန်တော့်ကိုဖုန်းဆက်ပေါ့နော်
..စာသားတွေထဲမှာ ရယ်စရာလေးတွေပါတယ် အဲ့တာကတော့ပို့စ်တွေကရှည်တော့ ပျင်းမှာစိုး ဟာသပြဇာတ်ကို အလကား ခေါ်ထားတာ :P
Internet Settion ချိန်နည်းများ (ကဒ်ပြောင်းကဒ်လဲလုပ်သောသူတွေအတွက်)
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
GSM WCDMA CDMA 800 MHz များအတွက် Internet APN Setting ချိန်နည်း
ကဲဗျာ Android ဖုန်းအတော်များများအတွက်ပါ.။ တစ်နည်းအားဖြ**့ GSM WCDMA CDMA 800 MHz စတဲ့ဖုန်းတွေ 1500 ရာတန်ဖုန်းတွေ အင်တာနက်လျှောက် ထားပြီးရင် ဒီနည်းလေးတော့ လိုအပ်တာပေါ့ဗျာ ဒါလေးသိထား
ထားရင် ကိုယ့်ဟာကို အင်တာနက်ဖွင့်လို့ ရတာပေါ့ သို့မဟုတ်လျှင် ဆိုင်ပြေးရတဲ့ ဒုက္ခဖြစ်မှာပေါ့.။ မိမိတို့ရဲ့ သူငယ်ချင်းဘဲဖြစ်ဖြစ် ဦးလေးတွေ ဒေါ်လေးတွေ ကလည်း ငါ့တူငါ့မောင်ရယ် အင်တာနက် Setting မချိန်တတ်ဘူးလား ချိန်တတ်ရင် ချိန်ပေးစမ်းပါဆိုရင် ကိုယ်က မချိန်တတ်ရင်တော့ နဲနဲအောက်တာပေါ့ဗျာ.။ အဲဒီတော့ လူငယ်ပီပီ ဟာဦးလေးကလည်း ဒါလောက်ကတော့ ရပါတယ်ဆိုတာမျိုးလေး ဖြစ်စေချင်လို့ပါ.။ များသောအားဖြ**့
ကတော့ ကိုယ့်ထက်တော်တဲ့သူ တတ်တဲ့သူတွေချည်းပါဘဲ
ကျန်တော်ကဝါသနာပါလို့သာရေးပေးလိုက်ရတာပါ ဒါပေမယ့်
မသိသေးတဲ့သူတွေလည်းရှိရင်ရှိအုံးမယ်လေ
1.GSM Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။
1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။
ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် - ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။
2.CDMA 800 Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name - CTNET
APN - #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - မှာ မိမိကြိုက်တာရိုက်ပါ။)
Password - မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ မထည့်ရင်လည်းရတယ်.။
Server - ဘာမှ မထည့်ပါနဲ့။
Authentication type - PAP or CHAP
APN type - Default
APN protocol - IPv4
APN Roaming protocol - IPv4
Bearer - Unspecified
Data Bearer - Package Data
Prompt password - #777
ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ......ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့
ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့
ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။
Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို
ဝင်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။
ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။
3.1500 တန် CDMA 800 Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name - Mectel (or) Card
APN - #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Server - ဘာမှ မထည့်ပါနဲ့။
MMSC - ဘာမှ မထည့်ပါနဲ့။
MMS Proxy - ဘာမှ မထည့်ပါနဲ့။
MMS Port - ဘာမှ မထည့်ပါနဲ့။
MCC - 460
MNC - 03
Authentication type - PAP or CHAP (or) CHAP
APN type - ပုံမှန်အားဖြ**့ မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer - မလိုပါ။
Prompt password - #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။Connection name တောင်းခဲ့ရင် mectel ပါနော်။
နာမည်ကြီး Clash Of Clans Game မှာ Google Gift Card ဖြင့် Gems ၀ယ်နည်း စာအုပ် PDF
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Clash Of Clans မှာ Google Gift Card ဖြင့် Gems ၀ယ်နည်း စာအုပ် တင်ပေးလိုက်ပါတယ် အားလုံးဘဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကြိုက်ရာ Link ကနေ Download ရယူနိုင်ပါပြီ
ကြိုက်ရာ Link ကနေ Download ရယူနိုင်ပါပြီ
Download Link 1 =>http://www.solidfiles.com/d/75c840ea73/Clash_Of_Clans_____.pdf
Download Link 2 => https://www.mediafire.com/?yelzfq7gc8k87yk
Facebook ကပေးတဲ့ Facebook ID Card! လုပ်နည်း ...
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
=========================================
Facebook ကပေးတဲ့ ID Card! ဖြစ်ပါတယ်။ ဒီပုံစံလေးလို လုပ်ချင်တယ်
ဆိုရင်တော့ http://xeefunapps.com/facebook_id_card.php
လိပ်စာလေးကို နှိပ်ကာ ဝင်ရောက်ပြီး Click here to Get Your
Facebook ID Card! ကိုနှိပ်ပါ။
ပြီးရင် Click Here to Share On Facebook ကိုနှိပ်ပြီး မိမိအကောင့်
စာမျက်နှာပေါ်သို့ ပြန်ရှယ်နိုင်ပါတယ်။
1 mobile market A/C ဖွင့်နည်းနှင့် apk များ Uplode လုပ်နည်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မေးခွန်း။ ။Play store (or) One Mobile ပေါ်သို့ Application တင်နည်းနှင့် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ သိချင်ပါတယ် ခင်ဗျ။
ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာ။တဲ့
============================================================ ဟုတ်ကဲ့ပါခင်ဗျား ကိုယ်တိုင်ရေးတဲ့ Apkတွေကိုကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာ။တဲ့
Play Store မှာတင်ရင်တော့ $25.00 USD ကျသင့်မှာဖြစ်ပါတယ်
အဲ့တော့ 1Mobile Market ဘဲတင်တဲ့နည်းလေးကိုပြောပြတော့မယ်နော်။
ပထမဦးဆုံး [ဒီလင့်ကိုသွားလိုက်ပါ]
အဲဒီလင့်မှာ ပထမဦးဆုံး အကောက်ဖွင့်ပါနော် အရမ်းလွယ်ပါတယ်ဗျာ။
ပုံမှာပြထားတဲ့အတိုင်း SingUp ကိုနှိပ်လိုက်ပါနော်
လိုအပ်တာတွေအပေါ်မှာထြားတဲ့ အတိုင်းအဆင့်ဆင့်ဖြည့်ပေးလိုက်ပါနော်။
အားလုံးဖြည့်ပြီးရင် Next နဲ့ဆက်သွားလိုက်ပါ။ပြီးရင် အီးမေးကိုဖွင့်ထားပါနော်။
အပေါ်ပုံပါအတိုင်း 1မိနစ်မပြည့်ခင် Verify လုပ်ပေးရပါမယ်။
အီးမေးထဲ ပို့လာတဲ့ 1Mobile Market မေးကိုဖွင့်ပြီ Verify လုပ်ပြီးလို့အောင်မြင်ရင်အောက်ကပုံလေးအတိုင်ပါဘဲ။
ကဲနောက်တဆင့်က ကိုယ်တိုင်ရေးထားတဲ့Apk Upload တင်ဘို့အဆင့်ပါဘဲ အပေါ်ကစာမျက်နှာလေး ကခဏအကြာမှာ အောက်ကပုံလေးအတိုင်းစာမျက်နှာတခုပြောင်းသွားပါလိမ့်မယ်။
Add New Appliction ကိုဆက်ပြီးကလစ်ပါ။
Titel နေရာမှာ App အတွက်သင့်တော်မည့်အမည်ပေးလိုက်ပါ။ ပြီးရင် App တင်ဘို့မိမိစက်ထဲကရွေးပေးလိုက်ပြီးတင်ပေးလို့ရပါပြီ။
မိမိ App အတွက် Sreenshot လေးတွေကို တော့အောက်မှာပြထားတဲ့ပုံအတိုင်း ထည့်ပေးရုံပါဘဲ။
ပုံတင်ပြီးရင် Save လိုက်ပါနော်
အပေါ်ကပုံလေးက ကျွန်တော်တင်ထားတဲ့ ပုံလေးနမူနာပါ 1Mobile Market မှာကိုယ်တင်ထားတဲ့ App လေးပေါ်ဘို့တော့ ၁ရက်ကနေ ၇ ရက်အထိကြာတတ်ပါတယ်တဲ့ ကဲ 1Mobile Market မှာကိုယ်တိုင်ရေးထားတဲ့Apk Upload တင်နည်းလေးကတော့ ဒီမှာဘဲအဆုံးသတ်ပါပြီ
software တွေကို License version ဖြစ်အောင် လုပ်နည်းများ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
လိုင်စင်
version ဖြစ်အောင် လုပ်နည်း (၄)နည်းရှိပါတယ်. serial, patch, crack,
keygen မသုံးတတ်တဲ့သူများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. ဒီ video ဖိုင်
(၄) ဖိုင်ဟာ လူတိုင်းအတွက် မသိမဖြစ် သိထားရမယ့် အရာတွေဖြစ်ပါတယ်. software
တစ်ခု download လုပ်လို့ရလာပြီဆိုရင် ဒီ(၄)နည်းထဲက တစ်နည်းနည်းနဲ့လာမှာ
ဖြစ်ပါတယ်. အဲ့ဒါကြောင့် ၄ နည်းစလုံးကို နားလည်ထားရင် ဘာနဲ့ပဲလာလာ license
version ဖြစ်အောင်လုပ်နိုင်သွားပြီ ဖြစ်ပါတယ်. အဲ့လေးနည်းကတော့
(၁) serial number ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၂) keygen ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၃) Crack ဖြင့် license version ဖြစ်အောင်လုပ်နည်း။
(၄) Patch ဖြင့် license version ဖြစ်အောင်လုပ်နည်း။
အဲ့(၄)နည်းကို
ကျွမ်းကျွမ်းကျင်ကျင် နားလည်သွားရင် license version ဖြစ်အောင်
တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်လို့ တတ်သွားပါလိမ့်မယ်.
ဘယ်လိုလုပ်ရတယ်ဆိုတာကို ပုံတွေနဲ့ ရှင်းပြနေရင် ရှုပ်နေမှာစိုးလို့ video
file နဲ့ ရှင်းပြထားပါတယ်. အဲ့ဖိုင်တွေဟာ တကယ်တော့ ကျွန်တော့်
သင်တန်းသားတွေအတွက် tutorial ရှင်းပြထားတဲ့ သင်ခန်းစာလေးတွေပါ. ၀ဘ်ဆိုက်က
ပရိတ်သတ်များအတွက် အကျိုးရှိမယ်ထင်လို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်. အဆင်ပြေ
မယ်လို့ မျှော်လင့်ပါတယ်. video file ကို အသံနဲ့ ပါ
ပေါင်းပြီးရှင်းပြထားတာ ဖြစ်တဲ့အတွက် အားလုံးပဲ နားလည် လိမ့်မယ်လို့
မျှော်လင့်ပါတယ်.
(၁) serial number ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial) Download ifile | Mediafire | Mirrorcreator
(၂) keygen ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial) Download ifile | Mediafire | Mirrorcreator
(၃) Crack ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial) Download ifile | Mediafire | Mirrorcreator
(၄) Patch ဖြင့် license version ဖြစ်အောင်လုပ်နည်း (video tutorial) Download ifile | Mediafire | Mirrorcreator
အင်တာနက်မှာပိုက်ဆံရှာနည်း မြောက်များစွာရှိပါတယ်။ အခုပြောမှာကတော့ (PTC) အကြောင်း
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
PTC ဆိုက်ဆိုတာ ဘာ လဲဆိုတာကို သိအောင် ဒီမှာ ရှင်းပြမယ်၊ (PTC = Paid To Click) မြန်မာလိုဘာ သာ ပြန်ရင် ကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။ PTC Website တွေ စတင်ပေါ်ပေါက် လာတာကတော့ 2007-2008 ကတည်းကပါ။ အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။ ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့
သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့ နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook, အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့ အဲ့ဒိ Social ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။ ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊ အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊ အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊ ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊ ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ ဖြစ်တည်မူပါပဲ။
သတိပြုစရာ အချက်များ
ကျွန်တော် အထူးသတိပေးချင် တာက အွန်လိုင်းပေါ်မှာ PTC Website ၁၅၀.၀၀၀ ကျော်ကျော် ရှိပါတယ် ။ ဒါပေမဲ့ တကယ်ပိုက်ဆံ ပေးတဲ့ဆိုက်က အတော့ကို နည်းပါတယ်။ နောက်ပြီး Internet ဆိုတာ ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီး ပြောရင် ပြောတဲ့ အတိုင်းလုပ် တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။ (Internet Is Full of Scam) ကျွန်တော် ပြောတာ ကို မယုံရင်လဲ ကို့ဟာကို လေ့လာကြည့်နိုင်ပါတယ်။ တစ်ချို့ အခွင့်အရေး ရှာနေတဲ့သူတွေက PTC Website အတုတွေ ဖွင့် တယ်။ ခင်ဗျား တို့ဆီက ၀င်ကြေး တောင်းလိမ့်မယ် ပြီးရင် ပြောက်သွားရော၊ တစ်ချို့ ပိုလို့တောင်ဆိုးသေးတယ်၊ ခင်ဗျား ကို သုံး လလောက်အလုပ်ခိုင်းပြီး ပြီးရင် ခင်ဗျား ငွေလဲထုတ်ရော ခင်ဗျားကို ဘာ မှ အကြောင်း မပြန်တော့ဘူး၊ အဲ့ဒီ့တော့ ကျွန်တော် အ ကြံပြုချင်တာက ကျွန်တော် ပြော တဲ့ဆိုက်တွေကို အရင်လုပ်ပါ။ အတိအကျလေ့လာ ပြီး နှစ်အတော် ကြာပြသာနာ မရှိတဲ့ဆိုက်တွေကို ကျွန်တော် တင်ပြထား တာပါ၊ ဒါပေမဲ့ ကို့ပါကို လေ့လာချင်ရင် လဲ သဘော ပါ သတိထား ပါလို့ပဲ ပြော ပါရစေ။
ဒီမှာ နောက်ဆုံး အနေနဲ့ ပြော ချင်တာက တော့၊ PTC Website တွေဟာ အစမှာ ငွေနည်းနည်း ပဲဝင်ပါတယ်၊ Site တစ်ခု ကို တစ်လ $1.5 နေ $2 အထိပဲ ၀င်ပါတယ်၊ ဒါပေမဲ့ Site 5ခု မှ 10ခု လောက် ချိတ်ထားနိုင်ရင် တော့ တစ်လ $15 - $20 ၀န်းကျင်ရပါလိမ့်မယ်၊ ဒါပေမဲ့ တစ်နေ့ကို မိနစ် 20 ထက်ပိုပြီး အလုပ်လုပ်စရာ မလိုပါဘူး၊ PTC ဆိုက်ရဲ့ သဘောက လွယ် တယ်၊ လက်ချောင်းတစ်ချောင်း ရှိရင် အလုပ်လုပ်လို့ရ တယ် ဒါပေမဲ့ ငွေဖြည်းဖြည်း ချင်းပဲရှာ လို့ရမယ်။ တစ်လမှ $20 ထဲဆိုလို့ စိတ်မညစ်သွားပါနဲ့ ၊ ကျွန်တော် တို့ ဆိုက်ရဲ့ငွေရှာ ဖွေရေး အစီအစဉ် တွေရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်၊ ၀င်ငွေ တိုးအောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်။
မှတ်ချက်။ ။ ကျွန်တော် PTC Website တွေ နဲ့ ပိုက်ဆံ ရှာနေတာ (၄) နှစ်ကျော် နေပါပြီ။
အခု ကျွန်တော့ PTC Website တွေ ရဲ့ ၀င်ငွေဟာ တစ်ရက် $200 ($200/Day) ၀န်းကျင်ရှိပါတယ်။ တစ်နှစ် ဆိုရင် $80,000 ($80,000/year) ရှိပါတယ်။ အမြတ် သီးသန့်တွက်မည် ဆိုပါက တစ်နှစ် $60,000 ကျော်ကျော် ရှိပါတယ်။ သည်အခြေအနေ ရောက်ဖို့ ကျွန်တော့ အိပ်ကပ်ထဲက ပိုက်ဆံ တစ်ပြားမှ မဆိုက်ခဲ့ ပါဘူး။ ဆိုက်ချင်လဲ ဆိုက်လို့မရခဲ့ဘူးလေ။ အဒီတုန်းက Paypal Account လဲ မဖွင့်တတ်ခဲ့ဘူးလေ။ ရှင်းရှင်း ပြောရရင် PTC Account ထဲမှာ ရှိတဲ့ ပိုက်ဆံ တောင် ဘယ်လိုထုတ် ရမယ်မှန်း သိခဲ့တာမဟုတ်ဘူး။ အခုပြန်တွေးကြည့်ရင်ကောင်းတယ်လို့တောင်ထင်ပါတယ် ဘာကြောင့်လဲ ဆိုတော့ ပိုက်ဆံ ထုတ်မရတော့ ရတဲ့ ပိုက်ဆံကို PTC Site တွေမှာ Referral (PTC ရဲ့အသက် ဟာ Referral လို့ပဲ မှတ်ထာပေးပါ၊ Referral အကြောင်းကို အောက်မှာ ရှင်းပြပါမယ်) တွေ ၀ယ်ပြီးရင်းဝယ်ရင်းနဲ့ပဲ အခု သည်လောက် ၀င်ငွေ ရလာတာပါ။ ခင်ဗျား တို့လည်း စအလုပ်လုပ်ပြီး တစ်နှစ်လောက် ကြာရင် တစ်နှစ်ကို $8,000 ၀န်းကျင်လောက် ရနေပါပြီ။ ပိုက်ဆံကို မထုတ် ပဲ နှင့် ဆက်ရင်းသွားရင်တော့ ၃ နှစ်လောက်နေရင် အနည်းဆုံး တစ်နှစ် $60,000 လောက် ရမှာပါ။ အဲဒိ အချိန်ရောက် လျှင်တော့ ထုတ်ပြီးရင်း ထုတ်ပေါ့ ။ ကျွန်တော့လည်း မမေ့ နဲ့ပေါ့။
PTC Website တော်တော် များများ ကတော့ တစ်ပါတ် တစ်ကြီမ် Cashout/Withdraw လုပ်လို့ရပါ တယ်။
Minimum Cashout/Withdraw = $2
Maximum Cashout/Withdeaw = No
Cashout/Withdraw Period = one time/ week
Cashout/Withdraw Fees = 3% to 5%
PTC စည်းကမ်းချက်များ
PTC Website တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။၎င်းစည်းကမ်းများကိုမလိုက်နာရင်တော့ ကိုယ့်အကောင့်ကိုယာယီထိန်းသိမ်းခြင်းသော်လည်းကောင်း၊အမြဲတမ်းထိန်းသိမ်းခြင်း သော်လည်းကောင်း အရေးယူခံရနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ဒီလိုမဖြစ်ရအောင်
စည်ကမ်းချက်များကို ဖော်ပြပေးသွားမယ်။
ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း
PTCWebsite
တွေဟာအိမ်ကနေပိုက်ဆံရှာဖို့လုပ်ပေးထားတဲ့အတွက်ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်ပစ်ခြင်းသော်လည်းကောင်း လုပ်ခံရနိုင်ပါတယ်။
အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း
စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကိုလက်မခံ သော်လည်း တကယ်တမ်း သုံးလို့ရပါတယ်။ အဒိ Computer တွေမှာ Account မဖွင့်ထားဘူး ဆိုရင် ရပါတယ်။
Proxy အသုံးပြုခြင်း
login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။
၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ အကောင့်လုပ် နှိပ်နေတယ်။ နိုင်ငံခြား ရောက်သွားရင်လည်း ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။ ဒါကြောင့်လက်ခံတာပါ။ ဘာကြောင့်ပြောတာလဲဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို အချိန်များလည်း မတူညီကြပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ကနေ ပိုက်ဆံ ထုတ် ပြီဆိုရင်တော့ proxy ကျော်ကိုကျော်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Cyber Banking ဖြစ်တဲ့ Paypal က ကျွန်တော်တို့ မြန်မာ IP address နဲ့ ခွင့်မှ မပြုတာ။
(အောက်မှာ Paypal Account ဖွင့် နည်း နှင့် မိမိ လက်ထဲ ပိုက်ဆံ ရအောင်ထုတ် နည်းကို ပြည့်ပြည့် စုံစုံ ဖော်ပြပေးသွားပါမည်။)
အလိုအလျောက်နှိပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း
အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက အလိုအလျောက်နှိပ်ပေးတဲ့ ဆော့ဖ်ဝဲများကို အသုံးပြုကြပါ တယ်။ ထိုသို့အသုံးပြုခြင်းကို PTC Website များက လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရမှာပါ။
ငွေကို ဘယ်လိုထုတ်မလဲ
အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့Cyber Banking Website များရှိပါတယ်။ eg : Paypal, Payza or Alertpay, Neteller, Egopay, libertyreserve etc.....
ကျွန်တော် ကတော့ Paypal ပဲ အသုံးပြုပါ လို့ အကြံပေးချင်ပါတယ်။
(Paypal Account ဖွင်းနည်းကို ပြည့်ပြည့်စုံစုံ Post တင်ပေးထားပါသည်။)
ငွေကို လက်ထဲရောက်အောင် ဘယ်လိုထုတ်မလဲ (မသိသောသူများ အတွက်သာ)
အရင် ဦဆုံး Paypal မှာ Sign Up လုပ်လိုက်ပါ။ Cyber Banking အကျိုးဆောင် company များနှင့် ဆက်သွယ်ပြီး ထုတ်နိုင်ပါတယ်။
ဥပမာ။ ။ www.shwemoney.com တာရှိပါတယ်။ မြန်မာ Website ပါ။ Online Banking System အကျိုးဆောင်Company ပါ။ ငွေလွှဲ ခ ကတော့ လွှဲငွေ၏ ၅% ပါ။
Ph : 01-510-554
Address : No (9), Shin Saw Pu Pagoda Street(near city mark) Sanchaung Township
Email : support@shwemoney.com
Startup Now
မှက်ချက်။ ။signup လုပ်ချိန်တွင် Paypal email နေရာတွင် အဆင်ပြေတဲ့ email တစ်ခုခု (သို့) ကွပ်လပ် အတိုင်း ထားလို့ရပါတယ်။ ကြိုက်တဲ့အချိန် ပြင်လို့ ရပါတယ်။
1) Neobux
NEOBUX ပါကြော်ငြာ ကြည့်ငွေရှာ ဆိုက်ပါပဲ၊ ငွေပေးတိကျတယ်၊ သက်တမ်းရင့်တယ်၊ အရှုပ်အရှင်းကင်းတယ်၊ မကြည့် ပဲဝင်းဒိုးသေးသေးလေးမှာပဲ ဖွင့်ထားလို့ရတယ်၊ အထူးအချက်ကတော့ PTC သုံးသူတိုင်း သူတို့ကို ကြိုက်တယ်၊ အကောင့်ဖွင့်ချင်ရင်အောက်ကပုံကိုနှိပ်၊
2) Probux
PROBUX ပါကြော်ငြာ ကြည့်ငွေရှာ ဆိုက်ပါပဲ၊ ငွေပေးတိကျတယ်၊ အရှုပ်အရှင်းကင်းတယ်၊ Neobux ထက်တောင်ငွေ ပိုပေးတယ်၊ လူကြိုက်များတယ်၊ အကောင့်ဖွင့်ချင်ရင်အောက်ကပုံကိုနှိပ်၊
3) Clixsense
CLIXSENSE သေချာတယ်၊ တိကျတယ်၊ နာမည်ကောင်းရထားတဲ့ဆိုက်ပဲ၊ အဲ့ဒီ့ဆိုက်ကို ၀င်ချင်ရင်အောက်ကပုံကိုနှိပ်
4) Goldenclix
အဲ့ဒီ့ဆိုက်ကို ၀င်ချင်ရင်အောက်ကပုံကိုနှိပ်
5) The Bux
အဲ့ဒီ့ဆိုက်ကို ၀င်ချင်ရင်အောက်ကပုံကိုနှိပ်
PTC Registering
PTC registering ကို NEOBUX နှင့် ဥပမာပေး ပြီး ရှင်းပြ ပါ မယ်။
1) အောက်ကပုံကိုနှိပ်လိုက်ပါ...
2)
3)
Paypal Email နေရာမှာ ကြိုက်တဲ့ email ဖြည့်လို့ ရပါတယ်။ အချိန်မရွေး ပြောင်းလို့ ရတယ်။ Paypal Account လည်း ဖွင့်စရာမလိုသေးပါဘူး။ Cash out လုပ်တဲ့အချိန်ရောက် မှ Paypal Account ဖွင့်လည်းရပါတယ်။
4)
အထပ်ပါပုံမျိုးတွေ့ရပါက Neobux က သင့်ရဲ့ အီးမေးလိပ်စာကို စာပို့လိုက်ပါပြီ၊ အဲ့ဒီ့စာထဲမှာ Validation code ပါထည့်ပေးလိုက်တယ်၊ အဲ့ဒီ့ကုတ်ကိုကူးပြီး အထပ်ပါပုံရဲ့ မြှား ပြထားတဲ့နေရာမှာထည့်ပေးရမယ်၊ (ပုံမှန်အားဖြင့် Neobux မှပေးပို့သောစာများဟာ သင့်အီးမေးရဲ့ Inbox ထဲမှာမရှိတတ်ပဲ Spam box ထဲရောက်နေတတ်ပါတယ်၊ Spam box မှာရှာပါ၊) အောပါပုံမှာဥပမာပြထားပါတယ်။
ဒါဆိုရင် သင့်ရဲ့ neobux register လုပ်ခြင်းအစီအစဉ် အောင်မြင်စွာ ပြီးဆုံးပါပြီ
ကဲ login သာ လုပ်လိုက် ပါတော့......
Secondary Password က မသုံးလဲ ရပါတယ်။
Neobux ဝင်ငွေရအောင် ဘယ်လိုလုပ်မလဲ
(1) Home page မှာ View Advertisements ကိုနှိပ်ပါ။
(2) ကြော်ငြာ Link တွေ ကို click ပါ။ ( Red, Green , Orange) စသည့်အရောင်တွေ နှင့် တွေရပါ လိမ့် မယ်။ ကျွန်တော် က နှိပ်ပြီးသားဖြစ်နေလို့ ပါ။
(3) အနီရောင် အစက်လေး ကို နှိပ်လိုက်ပါ
(4) Close ကို Click လိုက်ပါ။ ဒါဆိုရင် ကြော်ငြာ တစ်ခု ကြည်လို့ ပြီး သွားပါပြီ။
ကြော်ငြာအားလုံး ကုန်အောင် ကြည့် လိုက်ပါ။
အားလုံးပြီးသွား ရင် User name ပေါ်နေတဲ့ နေရာ မှာ click နှိပ်လိုက်ပါ။ ခင်ဗျား တို့ရထားတဲ့ ပိုက်ဆံ တွေ့ ရပါလိမ့်မယ်။
NEOBUX ကို example ပေးပြီး ပါ ပြီ။ ကျန်တာတွေလဲ ထိုနည်း၎င်း ပါဘဲ ။ PTC site တွေအများကြီးပါ ကြိုက်တာကို စမ်းကြည့် ပါ။ But register မလုပ်ခင်တော့ Forum တို့ Payment Proof တို့ကို အရင်ကြည့်ပါ....... Good luck EVERYBODY
နားမလည်ရင် ၊ အကူညီ လိုရင် ကျွန်တော့ ဆီဆက်သွယ်ပါ။
aungkyawzaw.makemoney@gmail.com 24 နာရီ အတွင်း အကြောင်းပြန်ပေးမယ်။
PTC Strategy Guide (OR) ၀င်ငွေတိုးအောင် လုပ်နည်း
သည် အကြောင်းကိုပြောတော့ မယ်ဆိုရင် Referral အကြောင်း မှ စပြောမှ ရမှာပါ။
Referral မှာ Direct Referral နှင့် Rental Referral ဆိုပြီး နှစ်ခု ရှိတယ်။
Direct Referral
Direct Referral ကတော့ ကိုယ်လုပ်ထားတဲ့ အကောင့်နဲ့ အခြားသူများကို ညွှန်းပြီး အကောင့်လုပ်ကြော်ငြာကြည့်ခိုင်းခြင်းဖြင့် ၄င်း နှိပ်သောသူများထဲကမှ တစ်ဝက်ကို ကိုယ်ကရရှိ တာကိုပြောတာပါ။ တစ်နည်းပြောရရင် ကိုယ်က Sponsor လုပ်တဲ့သဘောပေါ့။ ရှင်းရှင်း ပြောရရင် ခင်ဗျားတို့ အပေါ်က ကျွန်တော်ပေး ထားတဲ့ Link ကနေ Register လုပ်လိုက်တယ် ဆိုပါတော့။ ခင်ဗျား တို့သည် ကျွန်တော့ ရဲ့ Downlineမှာရှိတယ်။ သည်တော့ Sponsor ဖြစ်တဲ့ ကျွန်တော် က ခင်ဗျားတို့ ရတဲ့ ပိုက်ဆံ ရဲ့ 50% ကို ရပါ တယ်။ ဒါပေမယ့် ခင်ဗျားတို့ Downline မှာရှိ တဲ ခင်ဗျားတို့ရဲ့ direct referral (သို့) rental referral တွေ ရဲ့ % ကိုတော့ ကျွန်တော် မရပါဘူး။
ခင်ဗျားတို့ register လုပ်ထားတဲ့ PTC site ရဲ့ Direct referral Link ကို လိုချင်တယ် ဆိုရင်တော့ Banner or Your refer link or Home page ထဲ မှာ ပြထားတတ်ပါ တယ်။
ဥပမာ အားဖြင့် http://www.neobux.com/?r=usernamexxxx (or) http://www.neobux.com/?rh=61756E676B7961777A6177373739 မျိုးပါ။
Direct Referral ရဖို့ နည်း လမ်းတွေ ပြောရမယ်ဆိုရင်တော့ ပြောလိုတောင် ကုန် မှာမဟုတ်ဘူး တစ်ချို့တွေ က Internet Traffic အကြောင်းကိုကောင်းကောင်း သိတယ်၊
တစ်ချို့တွေ က လုံးလုံး မသိဘူး။ ကဲ မသိသေးတဲ့ သူတွေကတော့ Social site တွေ ဖြစ်တဲ့ facebook မှာ ဘာညာဘာညာ ပွားပေါ့။ သူငယ်ချင်း၊ မိသားစု စသည်ဖြင့် ပြောပေါ့၊ နောက်ထပ် direct referral လွယ်လွယ် ရမယ့် နည်းလမ်း ကတော့ http://www.getref.com and http://www.programrefs.com အဲဒိ ကိုသွား Register လုပ် ဘယ်လို သုံးရမှန်းမသိရင် FAQ မှာ ရှာဖတ်။
Rental Referral
Rental Referral အကြောင်းကတော့ ရှင်းပါတယ်။ PTC site တွေမှာ Rent referral ဆိုပြီးတွေ့ရပါလိမ့်မယ်။ Refer တစ်လိုင်းကို $0.2 နဲ့ Rent လုပ်နိုင်ပါ တယ်။ Renter referral တွေ ကဘာတွေ လည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့လို Member တွေပါဘဲ။ တနည်းအားဖြင့် sponsor မရှိပဲ Direct Signup Mamber တွေပါ။ တစ်ပါတ်ကို တစ်ခါပဲ ၀ယ်ခွင့် ပြု ပါ တယ် ။ မိမိ ပိုက်ဆံရှိ သလောက် ၀ယ် လို့ရပါတယ်။
PTC Strategy Guide (OR) ၀င်ငွေတိုးအောင် လုပ်နည်း ကအခုမှ စမှာပါ။
Zero Investment Strategy
ကဲကျွန်တော် Probux ကို ဥပမာပေးပြီးရှင်းပြ ပါမယ်။ ကြော်ငြာ Link တွေ အားလုံးကိုကြည့်လိုက်ပါ။
$0.06 ရပါလိမ့်မယ်။ $1.0 ရတဲ့ ထိ နှိပ်ပါ။
ရတဲ့ $1.0 ကို main balance ကနေ rental balance ထဲကို transfer လုပ်လိုက်ပါ။
rent refer မှာ refer 3 လိုင်း ၀ယ်လိုက်ပါ။
rented referral page မှာ AutoPay ကို Turn On လုပ်ထားလိုက်ပါ။
rental balance ထဲမှာ ပိုက်ဆံ အမြဲဖြည့်ထားပါ။
တကယ်လို့ Refer Avg Click က 2avg အောက် ရောက်နေရင်သော် လည်းကောင်း၊ inactive မဖြစ်ရင် သော်လည်းကောင်း Recycle လုပ်လိုက်ပါ။ မှတ်ချက် ၂ရက်-၃ရက်လောက်တော့ စောင့် ကြည့်သင့်တယ်။
ပိုက်ဆံ လုံးဝ မထုတ် ပါနဲ့
rent refer များဝယ်နိုင်လေ ပိုက်ဆံပိုရလေ၊ပိုက်ဆံပိုရလေ rent refer များများဝယ်နိုင်လေဖြစ်ပါတယ်။
rent refer အရေအတွက် 200 ရောက်ရင်တော့ refer ၀ယ်တာရပ်လိုက်ပါ။
ရှိ ပြီးသား refer တွေ ကို Maintain (avg ကို 2 ကျော်အောင်လုပ်ပါ)လုပ်ရင်းနဲ့ $70 ရတဲ့ အထိ စုပါ။
$70 ရရင် account ကို golden member ဖြစ် အောင် upgrade လုပ်လိုက်ပါ။
rent refer တွေ ဆက် ၀ယ်ပါ။ rent referအရေအတွက် အရေအတွက် အရေအတွက်အရေအတွက် 800-1000ရောက် ရင် Ultimate account ဖြစ်အောင် upgrade လုပ်လိုက်ပါ
rent refer 4000 ရတဲ့ ထိ ၀ယ်ပါ
ကဲ နောက်ဆုံ အဆင့် ကတော့ rent referal တွေကို maintan လုပ်ရင်းနဲ့ Cash out လုပ်ပေါ့ ဗျာ...........
CASH OUT AGAIN AND AGAIN
Standard Members:
200 Referrals x $0.005 x 4 Ads per day = $4.00 per day (earning from rental referrals)
Golden Members:
200 Referrals x $0.01 x 4 Ads per day = $8,00 per day
1000 Referrals x $0.01 x 4 Ads per day = $40,00 per day
2000Referrals x $0.01 x 4 Ads per day = $80,00 per day
Ultimate Members:
4000 Referrals x $0.01 x 4 Ads per day = $160,00 per day ($57,600 per year)
ကဲသည်လောက်ဆိုတော်တော် သဘောပေါက်မှာပါ
မရှင်းတာရှိရင်လည်း Youtube မှာ video တွေရှာကြည့်လို့၇ပါတယ်။
Keywords တွေကတော့
neobux complete guide
neobux renting referral guide
probux guide , etc...................
မေးထားသော Bro , sister များ ကျန်ပါသေးသည် မေ့နေလို့ or အချိန်သိပ်မရတော့လို့ ပါ ဟို အကိုတစ်ယောက်ဟာ ဘာ Lenovo K30-T ဆိုတဲ့ Bro အကို့တင်ခိုင်းထားတာမေ့နေလို့ ပြန်ပြီး Reply လုပ်ပါအုံး..
Thiha Htike(THT)
thihahtike.it@gmail.com
0973151297
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)
မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်လေးကြောင့်တစ်ခုခုရသွားခဲ့ရင်တော့ ဖုန်းငွေဖြည့်ကဒ် Message ပို့ပေးနိုင်တယ်နော်.. :D
Welcome From My Blog
Welcome From My Facebook Group
Welcome From My Facebook Page
Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P
ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Links
Tusfiles Download Links
Mp Download Links ( 7 Links )
Post A Comment:
0 comments:
Please click on advertisement !