စိတ်ညစ်စရာကိစ္စတွေကိုလက်ဆောင်ပေးတဲ့
ကံကြမ္မာကိုငါအရင်တုန်းကမုန်းခဲ့ပေမဲ့
အခုတော့ငါချစ်တက်သွားခဲ့လေပြီ။
ငယ်ငယ်လေးထဲက ကံကြမ္မာဆိုတဲ့ အကောင်က
ငါ့အတွက်ဆိုပြီးတော့
အထီးကျန်ဝေဒနာကို
ပြီးတော့ ဝမ်းနည်းစရာတွေနဲ့ ငါ့ကိုဖျော်ဖြေတယ်။
ပျင်းခြောက်စရာ နေ့ရက်တွေနဲ့ ဧည့်ခံတယ်။
ပြီးတော့ စိတ္တဇ ရောဂါ ကို
လည်ဆွဲအဖြစ်ဖန်တီးပေးခဲ့တယ်။
အခုဆို ငါ့မှာ အထီးကျန်ဝေဒနာဆိုတဲ့ သူငယ်ချင်း နဲ့
ပျင်းခြောက်စရာနေ့ရက်တွေကို ဖြတ်သန်းတယ်။ဝမ်းနည်းစရာဖျော်ဖြေမှုရဲ့စည်းချက်နဲ့အတူလိုက်ကတယ်။
ငါ့ကို ကံကြမ္မာက လက်ဆောင်ပေးတဲ့
စိတ္တဇ ရောဂါ ကိုလည်မှာဆွဲလို့ပေါ့။
Admin……………လင်းလက်လွန်း
Ph No…………………09972085931
Post A Comment:
0 comments:
Please click on advertisement !