မေမေ လောကကြီးဟာ အတုံအလှည့်ရှိတယ်ဆိုပေမယ့်
သားအတွက်တော့ မဟုတ်လောက်ဘူး
ထင်တယ် မေမေ
အောင်မြင်မှု၊ ချီးကျူးခံရမှုတွေက
သား အနားကို မလာဝံ့ကြဘူးနဲ့တူတယ်
ကျရှုံးမှုတွေ၊ အထင်မြင်သေးခံရမှုတွေ
အပြစ်တင်ငြူဆူခြင်းတွေကပဲ
သားအနားမှာ ၀န်းရံနေကြတယ် မေမေ။
သားရဲ့ စေတနာတွေက ဝေဒနာပင်တွေအဖြစ်ပေါက်
အထင်သေးတဲ့ မျက်ဝန်းတွေက ရိပ်သိမ်းသွားကြတယ် မေမေ
အပင်တစ်ပင်ပေါက်ဖို့ရာမှာ
စိုက်သူက အဓိကကျပေမယ့်
မျိုးစေ့က မမှန်လေတော့
ပန်းမပွင့်တဲ့အပြစ်ကို သားကိုပဲ ပုံချသွားကြတယ် မေမေ
အချိန်မြေသြဇာတွေနဲ့ စေတနာရေတွေပဲ
အလကားကုန်ခဲ့ရတယ် မေမေ
နောက်ဆုံးတော့လည်း " အသုံးကိုမကျဘူး "
ဆိုတဲ့ စကားလေးကိုပဲ ထမ်းပိုးလို့
မေမေ့ဆီကိုပဲ သား ခြေကုန်လက်ပန်းကျပြီး
ပြန်ခဲ့ရတယ် မေမေ ။
Admin.....ရေနီသားဖြိုးလေး
Gmail...yenihackerlay@gmail.com
Facebook Name...B Black Ruby
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Download : MB
Download Link 1
Download Link 2
Download Link 3
Download Link 1
Download Link 2
Download Link 3
Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...
Post A Comment:
0 comments:
Please click on advertisement !