ပုံ-(၁)
ပုံ- (၂)
ပုံ- (၃)
နည်းလမ်း အဟောင်းလေးပါ.. မသိသေးတဲ့သူများ အတွက်ပါနော်.
ဒီတစ်ခါ "ကလိစရာအဖြာဖြာ" ဆိုတဲ့ သဘောလေး တစ်ခု တင်ပေးခြင်လို့ ပါခင်ဗျာ.
ဒီနည်းလေးကတော့ ကျွန်တော်တို့ ကွန်ပျူတာ သုံးတဲ့အခါမှာ ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ Setting တော်တော်များများကိုပြုပြင်ခြင်ရင် Control Panel ထဲမှာသွားပီး ပြင်ရတယ်ဆိုရတာ
အားလုံးလဲ သိပီးဖြစ်မှာပါခင်ဗျာ. အဲဒီ Control Panel ကို
ဖျောက်ထားခြင် တယ်ဆိုရင်တော့ အောက်ကနည်းတွေ အတိုင်း ကလိကြည့်လိုက်ပါခင်ဗျာ..
၁။ Start မှ Run Box ကိုခေါ်လိုက်ပါ. / Keyboard မှ Window key + R ကိုတွဲပီးနှိပ်လိုက်ပါ.
၂။ ကျလာတဲ့ Run box ထဲကို Regedit လို့ရိုက်ထည့်ပီး Enter နှိပ်လိုက်ပါ .
၃။ အဲဒီအခါ Registry Editor ဆိုတဲ့ Box ကျလာ ပါလိမ့်မယ်ခင်ဗျာ. . (ပုံ-၁)
၎။ အဲဒီအခါ Registry Editor box ရဲ့ ဘယ်ဘက် ခြမ်းမှာရှိတဲ့
Sidebar လေးထဲမှာ အောက်က ပြထားတဲ့အတိုင်း အဆင့်ဆင့်သွားလိုက်ပါဗျာ. (ပုံ-၂)
HKEY_CURRENT_USER > SOFTWARE > MICROSOFT >Windows > Current Version >
Policies > Explorer ကို Right Click လိုက်ပါ.............(ပုံ-၃)
၅။ Explorer ပေါ်မှာ Rightclick ပေးပီး.. ပေါ်လာတဲ့ popup menu တွင် New Dword Value / New >
DWORD Value ကိုရွေးလိုက်ပါ။
၆။ အဲဒီအခါ Registry Editor ရဲ့ညာဘက်ခြမ်းထဲမှာ New Value #1 ဆိုတဲ့ Reg_DWORD
ဖိုင်အမျိုးအစားလေး အသစ်လေးကို တွေ့ရပါလိမ့်မယ်..
၇။ အဲဒီဖိုင်လေးကို No Control Panel လို့အမည်ပြောင်းလိုက်ပါဗျာ.
၈။ အမည်ပြောင်းပီးပီဆိုရင် အဲဒီအပေါ်မှာပဲ RightClick ပေးပီး Modify ကိုဖွင့်လိုက်ပါ။
၉။ အဲဒီအခါ Edit DWORD Value dialog box လေးပေါ်လာမှာပါ။ အဲဒီ Box လေးထဲက Value date
ဆိုတဲ့အကွက်လေးထဲမှာ "1" လို့ထည့်လိုက်ပီး OK ပေးလိုက်ပါ။
အဲဒါဆို မိမိကွန်ပျူတာထဲက Control Panel ပျောက်သွားမှာ့ပါ. ပြန်ပေါ်ခြင်ရင်တော့ Value data
ကို ''0" လို့ထည့်လိုက်ပါ။
>>>>> OK ပီလို့ထင်ပါတယ်နော်.်
www.mmitsky.com
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Post A Comment:
0 comments:
Please click on advertisement !