CMD Box ကို စာသားအရောင်လေးနဲ့ နောက်ခံအရောင်လေးနဲ့
ပြောင်းသုံးကြရအောင်ဗျာ။ Windows ကပါတဲ့ မူရင်း CMD Box က
အမဲရောင်နောက်ခံနဲ့ အဖြုရောင်စာသားနဲ့ပါ။ အဲဒါကို မိမိကြိုက်တဲ့ အရောင်နဲ့
ပြောင်းသုံးကြည့်ကြရအောင်.............
ပထမဦးဆုံး Run box ကိုသွားဖို့အတွက် Windows key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။ Run box ပေါ်လာရင် cmd လို့ ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
CMD Box ပွင့်လာပါမယ်။ CMD Box ရဲ့ အပေါ်ဆုံးဘားလေးမှာ(ဘောင်လေးခတ်ပြထားပါတယ်) Right Click ထောက်ပြီး properties ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်ကပုံလေးတွေအတိုင်း မိမိနှစ်သက်ရာစာသား အရောင်နဲ့ နောက်ခံ Backgroud အရောင်ပြောင်းပါ။ ပြီးရင် OK ပေးလိုက်ပါ။
ပြီးရင် CMD Box ကိုခေါ်ကြည့်လိုက်ပါဦး
CMD Box လေးကတော့ မိမိတို့ ရွေးချယ်ထားတဲ့ အရောင်လေးတွေနဲ့ လန်းနေပါပြီ။
မူလအတိုင်းပြန် ထားချင်ရင်တော့ မူလအရောင်တွေပြန်ရွေးပေးလိုက်ပါ။ အဆင်ပြေပါစေ..............
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Download Here !
Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..
Post A Comment:
0 comments:
Please click on advertisement !